ဇာတ်ကားများ ရွေးရန်

Iris 2: The Movie

2013ဇာတ်ကားBlu-ray 1080p

အခုတင်ဆက်ပေးမှာကတော့ IRISဆိုတဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ကိုရီးယားMovie လေးရဲ့ အဆက်ဖြစ်တဲ့ IRIS 2 နဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအဖွဲ့ ရဲ့အေးဂျင့်ဟောင်းဖြစ်တဲ့ယူဂျူဝန်းဟာဆိုရင် အိုင်းရစ်အဖွဲ့နဲ့တိုက်ခိုက်မှုအောက်မှာထိခိုက်ဒဏ်ရာရသွားပြီး ရန်သူအိုင်းရစ်အဖွဲ့သားတွေက သူ့ကို အတိတ်မေ့အောင်လုပ်ပြီး အိုင်းရစ်အေးဂျင့်အဖြစ်ဦးနှောက်ဆေးခံလိုက်ရပါတယ် နိုင်ငံကိုမြတ်နိုးတဲ့သူကတော့ နိုင်ငံရဲ့အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်လာချိန်မှာတော့ တောင်ကိုရီးယားအမျိုးသားအဖွဲ့ဟာအဖွဲ့ဝင်ဟောင်းကို ကယ်ဖို့ရွေးချယ်မလား နိုင်ငံကိုနျူကလီးယားနဲ့ခြိမ်းခြောက်ဒုက္ခပေးနေတဲ့အိုင်းရစ်အဖွဲ့ကိုအရင်ဖြေရှင်းမလားဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးက IRIS 1လိုမျိုးပဲ အရမ်းကောင်းတဲ့အတိုက်အခိုက်ဇာတ်ဝင်ခန်းတွေနဲ့ လျှို့ဝှက်ချက်တွေကို ရင်ဖိုစိတ်လှုပ်ရှားလာစေတဲ့အထိရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ ဘာသာပြန်ပေးသူကတော့ Emily ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း