Thamma
အိန္ဒိယ သွေးစုပ်ဖုတ်ကောင် ဇာတ်ကားလေးပါ။ တိရစ္ဆာန်တွေရဲ့သွေးကို သောက်ပြီး ရှင်သန်ရတဲ့ ဘီတာလ် ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်ဆန်ဆန် မျိုးစိပ်တစ်ခု ရှိတယ်။ သူတို့ရဲ့ ခေါင်းဆောင်က စည်းကမ်းဖောက်ပြီး လူသားသွေးကို သောက်ခဲ့လို့ ကျိန်စာသင့်ဂူထဲမှာ အပိတ်ခံထားရတယ်။ ကျိန်စာပျယ်ဖို့အတွက် သူတို့ထဲက ဘီတာလ်တစ်ယောက် စည်းကမ်းချိုးဖောက်ပြီး နောက်ထပ် ဘီတာလ်အသစ်တစ်ယောက် ထပ်ရောက်လာဖို့လိုတယ်။ သူတို့နေတဲ့ တောအုပ်ကြီးထဲကို ရောက်လာတဲ့ အာလို့ ဆိုတဲ့ သတင်းထောက်ကောင်လေးကို ဝံပုလွေကြီးရဲ့ရန်က ကယ်လိုက်ရင်း မြင်မြင်ချင်း ချစ်မိသွားတဲ့ ဘီတာလ်မလေး တာဒါကာက အာလို့နဲ့အတူ မြို့ကို လိုက်သွားခဲ့တယ်။ တာဒါကာရဲ့ အပြုအမူတွေက အားလုံးအတွက် ထူးဆန်းနေပေမယ့် ဘီတာလ်ဆိုတာကို အာလို့ကအစ မသိခဲ့ကြပါဘူး။ ဒီလိုနဲ့ ဘယ်အချိန်မှာ သိသွားမှာလဲ၊ အာလို့ နဲ့ တာဒါကာရဲ့ အချစ်ကြောင့် ကျိန်စာပျယ်သွားမှာလား ချုပ်နှောင်ခံထားရတဲ့ ဘီတာလ်ကြီးကရော လွတ်လာမှာလား၊ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အာလို့ အဖြစ် မင်းသား Ayushmann Khurrana နဲ့ တာဒါကာ အဖြစ် မင်းသမီး Rashmika Mandanna တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း