Laplace's Witch
ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ နာမည်ကျော် စာရေးဆရာ Keigo Higashino ရဲ့ ဝတ္ထုကို အခြေခံပြီး နာမည်ကြီး ဒါရိုက်တာ Takashi Miike က ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် "Laplace's Witch" ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ဓါတုဗေဒဆိုင်ရာ လျှို့ဝှက်ချက်တွေနဲ့ သဘာဝတရားကို ခန့်မှန်းနိုင်တဲ့ ထူးခြားစွမ်းရည်တွေ ပေါင်းစပ်ပါဝင်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ စုံထောက်ဇာတ်ကားတစ်ပုဒ်ပါ။ ဇာတ်လမ်း အကျဥ်း : ဇာတ်လမ်းရဲ့ အစမှာ ဂျပန်နိုင်ငံက မတူညီတဲ့ ရေပူစမ်းဒေသ နှစ်ခုမှာ လူနှစ်ဦးဟာ ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် (Hydrogen Sulfide) ဓာတ်ငွေ့အဆိပ်သင့်မှုနဲ့ သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးမှုဟာ သဘာဝဘေးအန္တရာယ်လား၊ ဒါမှမဟုတ် စေ့စေ့စပ်စပ် စီစဉ်ထားတဲ့ လူသတ်မှု လားဆိုတာကို ဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့က ပရော်ဖက်ဆာ ရှူဆူကဲ အအိုအဲ (ဓါတုပထဝီဝင်ပညာရှင်) ကို အကူအညီတောင်းခဲ့ပါတယ်။ ပရော်ဖက်ဆာ အအိုအဲ ဟာ စုံစမ်းစစ်ဆေးနေရင်း မဒိုခ အူဟရ လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းကလေးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ မဒိုခ ဟာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာမယ့် အချိန်နဲ့ နေရာအတိအကျ ကို တိကျစွာ ကြိုတင်ခန့်မှန်းနိုင်တဲ့ ထူးခြားစွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ။ မဒိုခ က သူ့ကိုယ်သူ "Laplace's Witch" လို့ သတ်မှတ်ထားပါတယ်။ ဒီနာမည်ဟာ စကြဝဠာထဲရှိ အက်တမ်တိုင်းရဲ့ အနေအထားနဲ့ အရှိန်ကို သိပါက အနာဂတ်မှာ ဖြစ်ပျက်မယ့်အရာအားလုံးကို တိတိကျကျ ခန့်မှန်းနိုင်တယ်ဆိုတဲ့ "Laplace's Demon" သီအိုရီကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ပရော်ဖက်ဆာ အအိုအဲ ဟာ မဒိုခ ရဲ့ စွမ်းရည်နဲ့ သူမရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းရင်း၊ ဒီလူသတ်မှုနှစ်ခုဟာ မတော်တဆဖြစ်ရပ် မဟုတ်ဘဲ၊ သဘာဝရဲ့ ဥပဒေကို အသုံးပြုပြီး စီစဉ်ထားတဲ့ လက်စားချေမှုတစ်ခု ဖြစ်နေကြောင်း တဖြည်းဖြည်း သိရှိလာရပါတယ်။ "Laplace's Witch" ဟာ သိပ္ပံပညာရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး၊ ကံကြမ္မာနဲ့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်အပေါ် မေးခွန်းထုတ်ထားတဲ့ စိတ်ကူးယဉ်ဆန်တဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်ခဗျ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ zaw wana ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း