ဇာတ်ကားများ ရွေးရန်

Yeh Dil Bill

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်လမ်းက ချစ်သူကောင်မလေးရဲ့ ထူးဆန်းတဲ့ ကတိတစ်ခုကြောင့် ၅ နှစ်လောက် အထိအတွေ့မရှိဘဲ စောင့်ဆိုင်းခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းနဲ့ ဇာတ်လမ်းစထားပါတယ်။ ကတိပြည့်တဲ့ မွေးနေ့ရက်မြတ်မှာ ဂိုအာကမ်းခြေကို နှစ်ယောက်တည်း အပန်းဖြေခရီးထွက်ဖို့ ကြံစည်ထားပေမဲ့ ကံဆိုးချင်တော့ မမျှော်လင့်ထားတဲ့ တတိယလူတစ်ယောက် ပါလာသလို၊ တစ်တိုင်းပြည်လုံးမှာလည်း အကာအကွယ်ပစ္စည်းတွေ ပြတ်လပ်နေတဲ့ ထူးထူးဆန်းဆန်း အခြေအနေနဲ့ ကြုံတွေ့လိုက်ရပါတယ်။ ရိုမန်းတစ်ဆန်ဆန် ဖြတ်သန်းချင်ပေမဲ့ တလွဲတချော် အခြေအနေတွေကြောင့် ဖြစ်လာတဲ့ ဟာသတွေက အစပိုင်းကတည်းက ရယ်မောစေမှာ အသေအချာပါပဲ။ ပြဿနာက အဲဒီမှာတင် ရပ်မသွားပါဘူး။ လိုအပ်နေတဲ့ ပစ္စည်းကို အသည်းအသန် လိုက်ရှာရင်းနဲ့ မထင်မှတ်ဘဲ လူမိုက်ဂိုဏ်းစတားတစ်ယောက်ရဲ့ ထောင်ချောက်ထဲ မိသွားကြပါတယ်။ မူးယစ်ဆေးဝါးတွေကို သန္ဓေတားပစ္စည်းတွေလို့ ထင်ပြီး သယ်ဆောင်မိရာကနေ တစ်ဖက်က လူဆိုးတွေ၊ တစ်ဖက်ကလည်း နာမည်ကြီးရဲဇာတ်ကားတွေကို ပြန်လည်လှောင်ပြောင်ထားတဲ့ ရဲစုံတွဲတွေကြားထဲမှာ ဗျာများရတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ကြုံလာရပါတယ်။ ဇာတ်လမ်းအစအဆုံး အတည်ပေါက်နဲ့ နောက်ပြောင်ထားတဲ့ ဇာတ်ကွက်တွေကြောင့် သူငယ်ချင်းတွေနဲ့ပဲကြည့်ကြည့်၊ ချစ်သူနဲ့ပဲကြည့်ကြည့် ပျော်ရွှင်ရယ်မောရမဲ့ Comedy ဇာတ်မြူးကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း