ဇာတ်ကားများ ရွေးရန်

Stephen

2025ဇာတ်ကားWeb-dl 1080p

အိန္ဒိယ စိတ်တ္တဇလူသတ်သမား ကားလေးပါ။ ဇာတ်လမ်းအစမှာတင် စတင်ဖန် ဆိုတဲ့ကောင်လေးက မိန်းကလေး ၉ယောက်ကို သတ်မှုနဲ့ ရဲစခန်းမှာ ကိုယ်တိုင်လာအဖမ်းခံခဲ့တယ်။ တစ်ဖက်မှာ ဒီအမှုအတွက် တာဝန်ပေးထားတဲ့ ရဲအရာရှိ မိုက်ကယ်က စတီဖန်ရဲ့ လုပ်ရပ်အပေါ် နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ချင်ပြီး တစ်ဖက်မှာတော့ လူ ၉ယောက်ကို သတ်ခဲ့တဲ့သူရဲ့ စိတ်အခြေအနေက သာမန်မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်အထူးကုဆရာမ ဆီမာ တို့ပူးပေါင်းပြီး စတီဖန်ရဲ့ အကြောင်းစုံကို အသေးစိတ် စုံစမ်းကြပါတော့တယ်။ အဲ့ဒီမှာပဲ ထင်မှတ်မထားလောက်တဲ့ စတီဖန်ရဲ့ နောက်ထပ်ပြစ်မှုတွေကို ဖော်ထုတ်နိုင်ခဲ့ကြပေမယ့် စတီဖန်ရဲ့ လုပ်ရပ်အပေါ် နားလည်ပေးနိုင်ကြတဲ့ အခြေအနေတစ်ခုနဲ့ အားလုံးက လက်ခံလိုက်ကြတယ်။ လူတွေအများကြီး သတ်ခဲ့တာကို ဘာလို့ နားလည်ပေးနိုင်တာလဲ အားလုံးသိလိုက်ရတဲ့ အမှန်တရားကရော တကယ့်အမှန်တရားလားဆိုတာကို နောက်ဆုံးမှာ အံ့အားသင့်သွားစေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ စတီဖန် အဖြစ် မင်းသား Gomathi Shankar ၊ မိုက်ကယ် အဖြစ် မင်းသား Michael Thangadurai နဲ့ ဆီမာ အဖြစ် မင်းသမီး Smruthi Venkat တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း