ဇာတ်ကားများ ရွေးရန်

Kidnapping Granny K

2007ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ တောင်ကိုရီးယားဟာသကားကောင်းတစ်ကားဖြစ်ပြီး မိသားစုမေတ္တာ၊ ငွေကြေးနဲ့ လူ့သဘောသဘာဝတွေကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ အဘွားအို "ဂွမ်ဆွန်းဘွန်း" ပါ။ အဘွားဂွမ်ဆွန်းဘွန်းက သာမန်လက်လုပ်လက်စားဘဝကနေ ကြိုးစားရုန်းကန်ပြီး ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးစွပ်ပြုတ်ဆိုင်လုပ်ငန်းစုကြီးကို ပိုင်ဆိုင်လာတဲ့ သူဌေးမကြီးတစ်ဦးပါ။ တင်းမာခက်ထန်ပြီး စည်းကမ်းကြီးတဲ့ အဘွားအိုတစ်ယောက်အနေနဲ့ လူသိများပါတယ်။ တစ်ဖက်မှာတော့ ဘဝပေးအခြေအနေမကောင်းတဲ့ လူငယ် ၃ယောက်ဟာ ငွေကြေးအခက်အခဲကြောင့် မဖြစ်မနေ ဒုစရိုက်လမ်းကို ရွေးချယ်မိပြီး အဘွားအိုကို ပြန်ပေးဆွဲဖို့ ကြံစည်ကြပါတော့တယ်။ သူတို့ရဲ့အစီအစဉ်ကတော့ အဘွားအိုကို ပြန်ပေးဆွဲပြီး သားသမီးတွေဆီကနေ ဝမ်ငွေ သန်း (၅၀) တောင်းဖို့ပါ။ ဒါပေမဲ့ ပြဿနာက ပြန်ပေးဆွဲပြီးမှ စပါတော့တယ်။ ပြန်ပေးဆွဲသမားတွေက အဘွားအိုရဲ့သားသမီးတွေကို ဖုန်းဆက်ပြီး ငွေတောင်းတဲ့အခါမှာ သားသမီးတွေက အမေ့ကို စိတ်ပူဖို့နေနေသာသာ ငွေမပေးချင်ကြပါဘူး။ ဒီအခြေအနေကို သိသွားတဲ့ အဘွားအိုကတော့ ဒေါသထွက်ပြီး သူ့ကိုပြန်ပေးဆွဲထားတဲ့ လူငယ် ၃ ယောက်နဲ့ ပူးပေါင်းလိုက်ပါတယ်။ အဘွားကိုယ်တိုင် ဦးစီးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပေးဆွဲတဲ့ စီမံကိန်းကြီးကို စတင်တဲ့အခါမှာ ဘယ်လိုနည်းလမ်းတွေနဲ့ ညစ်ပြီး တောင်းမလဲဆိုတာကို ခွီနေရအောင် ကြည့်ရှုရမှာပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း