Boss
“Boss”ဆိုတဲ့ ဟာသဇာတ်ကားလေးကတော့ ရုပ်ရှင်နဲ့အတူတူ ရုပ်ရှင်ထဲမှာပါတဲ့သရုပ်ဆောင်တွေက သီချင်းတစ်ပုဒ်ပါထုတ်ထားလို့ ရေပန်းစားသွားတဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ “Hospital Playlist”ထဲက နှလုံးအထူးကုဆရာဝန် ဂင်ဂျွန်ဟွမ် ပါဝင်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မိသားစုဂိုဏ်းဆိုတဲ့လက်အောက်မှာ အန်ဒယ်ဆူ၊ နာဆွန်းထယ်၊ ဒုံဂန်ဖြို၊ ဂျိုဖန်းဟိုတို့က အစ်ကိုကြီးဒယ်ဆူ ဘော့စ်မဖြစ်သေးခင်အချိန်တည်းက တပူးတတွဲ အနီးကပ်ရှိနေခဲ့ကြသူတွေပါ။ အစ်ကိုကြီးဒယ်ဆူက သူဘော့စ်ဖြစ်လို့ သူ့အရိုက်အရာကိုဆက်ခံဖို့ဆိုရင် ကျန်တဲ့သူသုံးယောက်ထဲကတစ်ယောက်ကို လွှဲပေးခဲ့မယ်လို့ပြောခဲ့ပါတယ်။ အဲ့ဒီသုံးယောက်ထဲမှ နာဆွန်းထယ်ကတော့ ဂိုဏ်းအဖွဲ့ရဲ့ဘော့စ်မဟုတ်ဘဲ တရုတ်စားသောက်ဆိုင်ရဲ့စာဖိုးမှူးအနေနဲ့ပဲ ရိုးရိုးသားသားအသက်မွေးချင်နေခဲ့ပါတယ်။ ဒယ်ဆူဘော့စ်အလုပ်နှင့်အတူ တွဲလုပ်နေတဲ့ နာ့ဝန်းကုမ္ပဏီကလည်း အကြွေးတွေနစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ အစ်ကိုကြီးဒယ်ဆူဆီ နှုတ်ထွက်စာတင်ပြီး အိမ်ရောက်ရောက်ချင်းမှာပဲ ဒယ်ဆူဆုံးသွားပြီဆိုတဲ့သတင်းကို ကြားလိုက်ရပါတယ်။ ဒယ်ဆူရဲ့ အသုဘမှာ အကြွေးရှင်တွေရဲ့သတိပေးချက်အရ အကြွေးကို ဘော့စ်အသစ်တက်လာတဲ့သူက ပြန်ဆပ်ရမှာဖြစ်ပါတယ်။ ဘုတ်အဖွဲ့ဝင်တွေအနေနဲ့ အကုန်လုံးက ဆွန်းထယ်ကိုဘော့စ်ဖြစ်ဖို့ ထောက်ခံကြပါတယ်။ တရုတ်ဆိုင်လေးဖွင့်ပြီး ရိုးရိုးသားသားအသက်မွေးချင်တဲ့ နာဆွန်းထယ်က သူမလုပ်ချင်တဲ့ဘော့စ်နေရာကို အပ်နှင်းခံရမလား၊ ကျန်နှစ်ယောက်ထဲကတစ်ယောက်က ဘော့စ်ဖြစ်သွားမလား။ တစ်ကားလုံးဟာသလေးတွေနှင့်ရယ်နေရတာဖြစ်လို့ ကြည့်လို့တန်တဲ့ ကားကောင်းလေးပါ။ ဒီဇာတ်ကားလေးထဲက နာဆွန်းထယ်၊ ဒုံဂန်ဖြို၊ ဂျိုဖန်းဟိုရယ် နောက်ဇာတ်လမ်းမြှုပ်ကွက်ရှိတဲ့ထယ်ဂယူရယ်၊ သူတို့လေးယောက်ပါဝင်သီဆိုထားတဲ့သီချင်းနားထောင်ချင်ရင် “Dynamicduo, TEAM BOSS - Boss”ဟူ၍ ရှာဖွေနားထောင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ရယ်နေရပြီး အချိန်ကုန်ရကျိုးနပ်တဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Thiri Htun ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း