ဇာတ်ကားများ ရွေးရန်

Brat

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ ခရစ္စတီ ဆိုတဲ့ လောင်းကစားမှာ ပါရမီပါလာသူ ငွေမက်တဲ့ လူဆိုးလေး နဲ့ ရိုးသားဖြောင့်မတ်တဲ့ အဖေဖြစ်သူ ရဲတစ်ယောက်ရဲ့ သားအဖအချင်းချင်း မတည့်ကြတဲ့ ဇာတ်ကားလေးပါ။ အဖေလုပ်သူက ရိုးရိုးသားသား လုပ်ကိုင်စေချင်ပေမယ့် ခရစ္စတီက လောင်းကစားမှာ ပါရမီပါပြီး ပွဲတစ်ခုမှာ ဘယ်ဘယ်က နိုင်မယ်ဆိုတာ လုံးဝတွက်ချက်တတ်သူပါ။ ဒီလိုနဲ့ အဖေမသိအောင် သူငယ်ချင်းတွေနဲ့ ပေါင်းပြီး လောင်းကစားကို အကြီးအကျယ်လုပ်ရင်း မသမာတဲ့ ဒိုင်နဲ့တွေ့ပြီ ဒုက္ခရောက်သွားကြချိန်မှာ ခရစ္စတီတစ်ယောက် သူပိုက်ဆံတွေ ပြန်‌ရဖို့ ကြိုးစားပါတော့တယ်။ သူ့ငွေတွေ ပြန်ရဖို့ လောင်းကစားလုပ်ငန်းရဲ့ အဓိကခေါင်ကြီးကို ရင်းနှီးအောင် ဘယ်လိုလှည့်ကွက်တွေသုံးသွားသလဲ ဆိုတာကို နောက်ဆုံးမှာ လှည့်ကွက်အကြီးကြီးနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီထဲမှာ လူဆိုးကြီးကလည်း တစ်ခါတစ်လေ ဟာသတွေထလုပ်လို့ ဟာသကားလို့လည်း ပြောနိုင်ပါတယ်။ ဒီဇာတ်ကားမှာ ခရစ္စတီ အဖြစ် မင်းသား Darling Krishna ၊ မာဒေးဗီယာ အဖြစ် မင်းသားကြီး Achyuth Kumar နဲ့ မန်နီရှာ အဖြစ် မင်းသမီး Manisha Kandkur တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း