Super Me
ဒီတစ်ခါမှာတော့ "Super Me"ဆိုတဲ့ တရုတ် စိတ်ကူးယဉ်-သိပ္ပံ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်း ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ဘဝမှာ ရုန်းကန်နေရပြီး အောင်မြင်မှုမရသေးတဲ့ ဇာတ်ညွှန်းရေးဆရာ ဆမ်ယု (Sang Yu) ဖြစ်ပါတယ်။ မစ္စတာဆမ်တစ်ယောက် ပြင်းထန်တဲ့ အိပ်မပျော်တဲ့ရောဂါနဲ့ အမြဲတမ်း ခြောက်လှန့်နေတဲ့ အိပ်မက်ဆိုးတွေကြောင့် စိတ်ဓာတ်ကျနေရပါတယ်။ အိပ်မက်ထဲမှာ မျက်နှာဖုံးစွပ် ဘီလူးတစ်ကောင်က သူ့ကို အမြဲတမ်း လိုက်သတ်နေလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ မစ္စတာဆမ်တစ်ယောက် သူ့မှာ ထူးခြားတဲ့ စွမ်းအားတစ်ခု ရှိနေမှန်းကို သိလိုက်ရပါတယ်။ အဲဒါကတော့ အိပ်မက်ထဲက အဖိုးတန်ပစ္စည်းတွေကို လက်တွေ့အပြင်ဘဝထဲ ဆွဲယူလာနိုင်တဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။ ဒီစွမ်းအားကြောင့် ဆမ်ယုဟာ တစ်ညတာအတွင်းမှာပဲ ဆင်းရဲသားဘဝကနေ ရုတ်တရက် ချမ်းသာကြွယ်ဝလာပြီး သူ့ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဒီလို လွယ်လွယ်ရတဲ့ စည်းစိမ်တွေအတွက် ကြီးမားတဲ့ အကျိုးဆက်တွေ ပေးဆပ်ရတော့မှာကို သူ သဘောပေါက်လာပါတယ်။ ကဲ မစ္စတာဆမ်တစ်ယောက် လွယ်လွယ်ရတဲ့ စည်းစိမ်ချမ်းသာတွေနဲ့ ဘာတွေဆက်ဖြစ်မှာလဲ??? "လောကမှာ လွယ်လွယ်ရတဲ့ အရာမှန်သမျှက ဘယ်အရာမှ ကြာရှည် မတည်မြဲပါဘူး''တဲ့ ဒီဇာတ်ကားလေးကတော့ လက်တွေ့ကို အိပ်မက်နဲ့ရောစပ်ထားတဲ့ စိတ်ကူးယဉ်ဇာတ်ကားမျိုးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတွေနဲ့ လောဘရဲ့ အကျိုးဆက်ကို ပြသတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူများအတွက် အပန်းဖြေကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း