Whispering Corridors 2: Memento Mori
ဇာတ်လမ်းလေးကတော့ မိန်းကလေး အထက်တန်းကျောင်းတစ်ကျောင်းမှာ စတင်ပါတယ်။ ကျောင်းသူတစ်ယောက်ဖြစ်တဲ့ မင်အာ (Min-ah) ဟာ ကျောင်းက ကောင်မလေးနှစ်ယောက် အပြန်အလှန်ရေးထားတဲ့ လျှို့ဝှက်ဒိုင်ယာရီစာအုပ်တစ်အုပ်ကို ကောက်ရသွားပါတယ်။ အဲဒီဒိုင်ယာရီပိုင်ရှင်တွေကတော့ ကျောင်းမှာ လူအများနဲ့ အဆင်မပြေတဲ့ ဟိုရှင်း (Hyo-shin) နဲ့ အေးဆေးတည်ငြိမ်တဲ့ ရှီအွန်း (Shi-eun) တို့ဖြစ်ပြီး သူတို့နှစ်ယောက်ကြားမှာ သာမန် သူငယ်ချင်းသံယောဇဉ်ထက် ပိုမိုနက်ရှိုင်းတဲ့ အချစ်ဇာတ်လမ်းတစ်ခု ရှိနေခဲ့ပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးကို လူတွေဝိုင်းပယ်ကြတဲ့အခါမှာ ဖိအားတွေများလာပြီး ဝမ်းနည်းစရာ ကိစ္စရပ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ တစ်နေ့မှာတော့ ကျောင်းသူတစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပြီးတဲ့နောက် ကျောင်းမှာ ထူးဆန်းခြောက်ခြားစရာ အဖြစ်အပျက်တွေ စတင်ပေါ်ပေါက်လာပါတယ်။ မင်အာ တစ်ယောက် ဒီဒိုင်ယာရီကို ဖတ်ရင်းနဲ့ သေဆုံးသွားသူရဲ့ နာကျည်းမှု၊ ချစ်ခြင်းမေတ္တာနဲ့ လက်စားချေလိုစိတ်တွေကြားမှာ ဘယ်လို ပိတ်မိသွားမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Emily ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း