ဇာတ်ကားများ ရွေးရန်

Door to the Night

2013ဇာတ်ကားWeb-dl 1080p

ဇာတ်လမ်းကတော့ အသက်အရွယ်ကြီးရင့်ပြီး အူမကြီးကင်ဆာ ဝေဒနာခံစားနေရတဲ့ ကျောင်းအုပ်ကြီးဟောင်း ဂျောင်ဆော့မှာ အသက်ရှင်ဖို့ ၆ လလောက်ပဲ အချိန်ကျန်ပါတော့တယ်။ သူ့ကို ပြုစုစောင့်ရှောက်ဖို့အတွက် ငယ်ရွယ်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ယွန်းဟွာဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ ယွန်းဟွာ ဟာ သာမန် သူနာပြုတစ်ယောက်တော့ မဟုတ်ပါဘူး။ သူမရဲ့ အကြည့်တွေ၊ အပြုအမူတွေနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေပါတယ်။ ယွန်းဟွာနဲ့အသက်အရွယ်ကြီးရင့်တဲ့ကင်ဆာရောဂါသည်တို့အကြားမှာဘယ်လိုဇာတ်လမ်းလေးတွေဖြစ်ပေါ်လာမလဲ ယွန်းဟွာကရောဘာလို့ ဒီအိမ်မှာ သူနာပြုအကူအနေနဲ့ လာလုပ်ကိုင်နေလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကromance drama ဆိုပေမဲ့ romanceထက်စိတ်ထဲကသိကအောင့်ဖြစ်စရာကောင်းတဲ့ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေကိုစိတ်လှုပ်ရှားစွာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ကိုရီးယားရုပ်ရှင်တွေထဲမှာမှ ပရိသတ်တော်တော်များများ ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် Plot Twist တွေနဲ့ ဇာတ်လမ်းမျိုးကို ရှာနေတယ်ဆိုရင်တော့ ဒီကားက လက်မလွှတ်သင့်တဲ့ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ emily ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း