ဇာတ်ကားများ ရွေးရန်

Fatal Contact or Underground Fighter

2006ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်မှာတော့ မထင်မှတ်ဘဲ မြေအောက်လက်ဝှေလောက ထဲကို ဝင်ရောက်သွားတဲ့ ကွန်ဖူးကျွမ်းကျင်သူတစ်ယောက်ရဲ့ ဘဝကို အဓိကရိုက်ကူးထားတဲ့ Underground Fighter (2006) ဆိုတဲ့ ဟောင်ကောင်အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း တရုတ်ပြည်မကြီမှ ဟောင်ကောင်သို့ အလုပ်လုပ်ရန်လာသော ကွန်းဟာ ပုံမှန်ဘဝမှာ ဖြတ်သန်နေစဉ် သူ့ရဲ့ ကွန်ဖူးကျွမ်းကျင်မှုကြာင့် မြေအောက်လက်ဝှေ့လောကသားအချို့ရဲ့ မျက်စိကျခြင်းကို ခံရပြီး မြေအောက်လက်ဝှေ့လောကသို့ဝင်ရောက်ရန် ဆွဲဆောင်ခံခဲ့ရပါတော့တယ်။ကွန်းဟာ အစပိုင်းမှာ တရားမဝင်အလုပ်ကို ငြင်းဆန်ခဲ့သော်လည်း သူ့အား သဘောကျနေသူ ချွမ်းချီရဲ့ တိုက်တွန်းမှုကြောင့် မြေအောက်လောကသို့ဝင်ရောက်ခဲ့ပါတော့တယ်။သူဟာ မြေအောက်လက်ဝှေ့လောကမှာနာမည်ကျော်ကြားပြီး ပွဲစဉ် အသေးလေးတွေမှ ပွဲစဉ်အကြီး လောင်းကြေးအမြင့်ပွဲတွေကိုပါ ယှဉ်ပြိုင်ကာ အနိုင်ပွဲများကို ဆက်တိုက်ရရှိခဲ့တာကြောင့် လူအများဟာ သူ့ဘက်မှ လောင်းကြေးထိုးလာခဲ့ပါတော့တယ်။ထိုအခါ သူ့အား အဖွဲ့ဝင်ရန်ခေါ်ဆောင်ခဲ့သော အဖွဲ့မှ လောင်းကြေးအရှူံးကို ရင်ဆိုင်ရမှာစိုးရိမ်ပြီး ကွန်းကို အရှုံးပေးပြီး ယှဉ်ပြိုင်ရန် တိုက်တွန်းပါတော့တယ်။သို့‌သော် ကွန်းက သဘောမတူသဖြင့် ချွမ်းချီကိုဖမ်းဆီးပြီး ခြိမ်းခြောက်ခဲ့တာကြောင့် ကွန်းဟာ ချစ်ရသူရဲ့ အသက်အတွက် ဂုဏ်သိက္ခာကို စွန့်လွှတ်ကာ အရှူံးပေးတိုက်ပွဲဝင်ခဲ့ရပါတော့တယ်။သို့သော် ချွမ်းချီဟာ သူထင်သလို ရိုးရှင်းသူတစ်ယောက်မဟုတ်ဘဲ လျှို့ဝှက်ချက်တွေ ရှိနေတဲ့ အခါမှာတော့...... ကွန်းတစ်ယောက် ချွမ်းချီရဲ့ လျှို့ဝှက်ချက်တွေကို သိနိူင်ပါ့မလား...? ချွမ်းချီရဲ့ လျှို့ဝှက်ချက်ကရော ဘာဖြစ်မလဲဆိုတာကို ‌မြေအောက်လက်ဝှေကြိုးဝိုင်းတွေရဲ့ ထုံးစံအတိုင်း သတ်ပုတ်ခန်းတွေ အများအပြားနဲ့ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း