ဇာတ်ကားများ ရွေးရန်

Cursed

2025ဇာတ်ကားWeb-dl 1080p

ဒီကား​လေးက​တော့ ကြည့်ရှုမှု ၄ သန်း​ကျော်ရရှိခဲ့တဲ့ ဖြစ်ရပ်မှန် Podcast တစ်ခုကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်​ အင်ဒိုဟော်ရာကား​လေးဖြစ်ပါတယ်။ သူများ​ယောက်ျားကို တပ်မက်မိလို့ ကျိိန်စာတိုက်ပြီး ကိုယ့်လူဖြစ်​အောင်ကြိုးစားတဲ့အ​ကြောင်းအရာ ဖြစ်ပါတယ်။ ဗီတာတို့မိသားစုမှာ ဖခင်ဖြစ်သူ အယ်ဒီက အစိုးရအရာရှိဖြစ်ပြီး မိခင်ဖြစ်သူက​တော့ အလှပြင်ဆိုင်​လေးဖွင့်ထားသူ ဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ဆိုင်အလုပ်​​တွေကြောင့် သားသမီး​တွေကို အနီးကပ်ပြုစုမ​ပေးနိုင်ခဲ့ပါဘူး။ အယ်ဒီက​တော့ ခင်ပွန်း​ကောင်း ဖခင်​ကောင်းဖြစ်ပြီး ဇနီးသည်နဲ့ သားသမီး​တွေအ​ပေါ် ကြင်နာယုယတတ်သူ ဖြစ်ပါတယ်။ ဒီလို​အေးချမ်း​နေတဲ့ သူတို့ဘဝ​လေးကို ကံကြမ္မာဆိုး ရိုက်ခတ်လာပါ​တော့တယ်။ အယ်ဒီ့ကို လိုချင်​နေတဲ့ မိန်းမတစ်​ယောက်​ပေါ်လာပြီး ​​အောက်လမ်းနည်း​တွေနဲ့ ရ​အောင်ကြိုးစားယူပါ​တော့တယ်။ အင်ဒိုနီးရှားရဲ့​ရှေး​ခေတ်​အောက်လမ်းအတတ်​တွေနဲ့ ဘာသာ​ရေးယုံကြည်မှု​တို့ကြားက အားပြိုင်မှုကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှူရမယ့် ဖြစ်ရပ်မှန်​ဟော်ရာကား​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း