ဇာတ်ကားများ ရွေးရန်

Malena

2000ဇာတ်ကားBlu-ray 1080p

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၀၀ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသမီးကြီး Monica Bellucci ပါ၀င်သရုပ်ဆောင်ထားတဲ့ Malena ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဘာကောင်းလို့လဲဆိုတာထက် ပုရိသတွေအကြိုက်ဖြစ်တဲ့ Monica Bellucci ပါ၀င်ထားတာမို့ သူ့ရဲ့ညို့အားကောင်းလွန်းတဲ့အကြည့်တွေ စွဲမက်စရာကောင်းလှတဲ့အလှတရားတွေနဲ့တင် ကြည့်ရှုဖို့ထိုက်တန်တဲ့ဇာတ်ကားလေးဖြစ်နေတာပါ။ ဇာတ်ကားလေးရဲ့အကျဉ်းချုပ်ကတော့ မလီနာဟာ ဖက်ဆစ်ခေတ်မှာ အီတလီနိုင်ငံက မြို့လေးတစ်မြို့မှာ ယောကျာ်းဖြစ်သူနဲ့ နေထိုင်နေတဲ့အမျိုးသမီးတစ်ယောက်ပါ။ အရမ်းလည်း ချောမောလှပတာမို့ တစ်မြို့လုံး ပုရိသတွေ ကလေးလူကြီးမကျန် စွဲလမ်းရတဲ့သူဆိုလည်း မမှားပါဘူး။အဲ့ထဲမှာ ရီနာတိုဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။ ရီနာတိုဟာ ပထမဆုံး မလီနာကို မြင်မြင်ချင်းမှာပဲ အရူးအမူးစွဲလမ်းသွားပြီး နောက်ကနေ တကောက်ကောက်လိုက်ချောင်းပါတော့တယ်။ တစ်ရက်မှာတော့ မလီနာရဲ့စစ်ထဲပါသွားတဲ့ယောကျာ်းသေဆုံးပြီဆိုတဲ့သတင်းရောက်လာပါတော့တယ်။ ဒီတော့ မုဆိုးမဖြစ်သွားတဲ့ မလီနာကို သနားလို့ဆိုတာထက် ခြေတော်တင်ဖို့ကြိုးစားချင်တဲ့ ယောကျာ်းတွေဟာ အနားကို ဝိုင်းအုံလာပါတော့တယ်။ အစကတည်းက ချောမောလွန်းလို့ အခြားအမျိုးသမီးတွေက မကြည်ကြတဲ့အချိန်မှာ အဲ့လိုတွေဖြစ်လာတဲ့အတွက် မလီနာကို မိန်းမပျက်ဆိုပြီး စွပ်စွဲလာကြပါတော့တယ်။ တစ်နေ့မှာတော့ မလီနာလည်း ဘ၀အသစ်ထူထောင်ဖို့ အချစ်အသစ်ကို ရှာတွေ့နေတဲ့အချိန်မှာပဲ အိမ်ထောင်ရှိယောကျာ်းတစ်ယောက်က မလီနာက သူ့ရဲ့ဇနီးလောင်းဆိုပြီး လူသိရှင်ကြားပြောလာပါတော့တယ်။ အစကတည်းက မလီနာကို အမြင်စောင်းနေတဲ့လူတွေကတော့ သူ့ကို ဝိုင်းပြီး စွပ်စွဲကြကာ တရားပါစွဲပါတော့တယ်။ ဒါပေမယ့် ကြားထဲတောက်လျှောက် မလီနာ ဘာတွေကြုံနေရလဲ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိနေသူကတော့ ရီတိုနာပဲဖြစ်ပါတယ်။ ရီတိုနာကလည်း သူကြီးလာရင် မလီနာကို လက်ထပ်မယ်ဆိုပြီး ကြိမ်းဝါးထားသူပါ။ ဒီတော့ တစ်မြို့လုံးရဲ့ဝိုင်း၀န်းမကောင်းပြောခြင်းကို ခံလာရတဲ့ မလီနာတစ်ယောက် သူ့နာမည်ကို ပြန်အဖတ်ဆယ်နိုင်မလား ဒါမှမဟုတ် အဲ့ဒီစကားတွေကြားမှာပဲ မလီနာတစ်ယောက် သူ့ဘ၀ပါ ရေစုန်မြောသွားမလား ရီတိုနာနဲ့မလီနာတို့ရော ဘာတွေဖြစ်ကြမလဲ ဆုံစည်းကြမှာလား စတာတွေကို ဆယ်ကျော်သက်တစ်ယောက်ရဲ့အချစ်ကို အရူးအမူးဖြစ်တတ်တဲ့သဘောသဘာ၀နဲ့ ပတ်၀န်းကျင်တစ်ခုလုံးရဲ့ပြောဆိုခြင်းကို ခံလာရတဲ့မုဆိုးမတစ်ယောက် ပြောင်းလဲသွားပုံစတာတွေကို Monica Bellucci ရဲ့အလှတရားတွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတာမို့ အမြန်ပဲကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Paing Chan Thar ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း