Date with saie
ဇာတ်လမ်းအစမှာ စူပါစတားမင်သမီး ဆာယီကို ဟီမန်ရှူ ဆိုတဲ့လူက ပြန်ပေးဆွဲသွားတယ်။ ဟီမန်ရှူရဲ့ ရည်ရွယ်ချက်က တကယ့်အဖြစ်အပျက်ကို ရုပ်ရှင်တစ်ပုဒ်လို ရိုက်ကူးဖို့ပဲ။ ဒါကြောင့် ဆာယီနဲ့ နီးစပ်ဖို့ လုပ်ဇာတ်တွေခင်းပြီး ဘေးကနေ တပည့်လုပ်သူက ဗီဒီယိုတွေ ခိုးရိုက်ပေးထားတယ်။ ဆာယီက ဟီမန်ရှူရဲ့ မရိုးသားမှုကို သိသွားချိန်မှာ ရဲတွေခေါ်ပြီး ဖမ်းခိုင်းလိုက်တော့ ဟီမန်ရှူတစ်ယောက် သူ့ရဲ့အစီအစဉ်တွေ ပျက်ကုန်ပါတော့တယ်။ ဒါကြောင့် အချုပ်ကလွတ်လာချိန်မှာ ဆာယီကို ပြန်ပေးဆွဲပြီး သူ့ရဲ့ဇာတ်လမ်းကို ဆက်ရိုက်ဖို့ ပြင်ဆင်ပါတယ်။ အတုအယောင်တွေ မပါတဲ့ သူ့ဇာတ်လမ်းမှာ သေရမယ့်အခန်းဆို တကယ်သတ်ပစ်လိုက်တယ်။ အဲ့တော့ သူ့ရဲ့ဇာတ်ညွှန်းက ဘယ်လိုဇာတ်ညွှန်းမျိုးလဲ၊ ဆာယီတစ်ယောက် သူ့ဇာတ်ညွှန်းအတိုင်း ဘယ်လိုတွေ သရုပ်ဆောင်ပေးရမှာလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဟီမန်ရှူ အဖြစ် မင်းသား Rohit Kokate နဲ့ ဆာယီ အဖြစ် မင်းသမီး Sai Tamhankar တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း