ဇာတ်ကားများ ရွေးရန်

Inner Senses

2002ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မှာတော့ ဟောင်ကောင်ကားကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် မင်းသားကြီးLeslie Cheungရဲ့ Inner.Senses.2002 ဆိုတဲ့ Psychological Horror / Thriller ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ယန်ကျန်းဆိုတဲ့မိန်းကလေးဟာ မိဘတွေရဲ့အဝေးမှာ တစ်ကိုယ်တည်းနေထိုင်သူဖြစ်ပါတယ်။ သူဟာ ကိုယ့်ကိုကိုယ် သရဲတွေ ဝိညာဉ်တွေကို မြင်နိုင်တယ် လို့ ယုံကြည်နေသူတစ်ယောက်ဖြစ်ပြီး သူ့ဘဝမှာ ကြောက်ရွံ့မှု အထီးကျန်မှုတွေကြောင့် အရာရာကို သရဲနဲ့ ဆက်စပ်ထင်မြင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဂျင်မ် ကတော့ စိတ်ရောဂါ ကုသရေးဌာနမှာ အလုပ်လုပ်တဲ့ ဆရာဝန်တစ်ဦး ဖြစ်ပြီး သူငယ်ချင်းဖြစ်သူမှ အကူအညီတောင်းခံတာကြောင့် ယန်ကျန်းကို ‌ကုသပေးရန် ဖြစ်လာပါတော့တယ်။ဂျင်မ်ဟာ ယန်ကျန်းက သရဲမြင်တာမဟုတ်ဘဲ စိတ်ရောဂါကြောင့် ဖြစ်နိုင်တယ် လို့ ယူဆပြီးသူ့ကို ကုသပေးဖို့ ကြိုးစားခဲ့ပါတော့တယ်။နောက်ပိုင်းမှာ ဂျင်မ်ကိုယ်တိုင်လည်း ယန်ကျန်းရဲ့ကမ္ဘာထဲကို တဖြည်းဖြည်း ဆွဲသွင်းခံရပြီး သူကိုယ်တိုင်လည်း ဝိညာဉ်တွေလား အတွင်းစိတ်ရဲ့ ပုံရိပ်တွေလားမခွဲခြားနိူင်တဲ့အရာတွေကို မြင်လာရတာကြောင့် စိတ်ရောဂါနဲ့ သရဲအကြား ဝေခွဲမရတော့တဲ့ အခြေအနေကို ရောက်လာတဲ့အချိန်မှာတော့ ယန်ကျန်းမြင်နေရတဲ့အရာတွေက တကယ်ပဲ သရဲလား ဒါမှမဟုတ် သူ့ရဲ့စိတ်အတွင်းက ကြောက်ရွံ့မှုတွေကြောင့် ထွက်ပေါ်လာတာ စိတ်ကူးပုံရိပ်တွေလားဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှုလိုက်ကြရအောင်နော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း