ဇာတ်ကားများ ရွေးရန်

Lorry Chapter-1

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားက နိုင်ငံရေးရည်မှန်းချက်အတွက် အန္တရာယ်ကြီးမားလှတဲ့ ရှားပါးသတ္ထုတွေကို ပြည်ပသို့ လျှို့ဝှက်ပို့ဆောင်ဖို့ ကြိုးပမ်းတဲ့ အဖြစ်အပျက်ကနေ ဇာတ်လမ်းစတင်ထားပါတယ်။ ဒီအန္တရာယ်များတဲ့ ခရီးစဉ်အတွက် သတ္တိနဲ့ ပြည့်စုံတဲ့ လမ်းဘေးဖိုက်တာတစ်ယောက်ကို ကုန်ကားမောင်းဖို့ ငှားရမ်းလိုက်ပေမဲ့ လမ်းခရီးတစ်လျှောက်လုံးမှာ ပြိုင်ဖက်ဂိုဏ်းအသီးသီးရဲ့ ကြားဖြတ်လုယူမှုတွေ၊ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ရန်သူတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ အလုအယက် တိုက်ခိုက်လာကြတဲ့အခါ သူတစ်ယောက်တည်း ဘယ်လို လက်တုံ့ပြန်မလဲဆိုတာ ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာပါ။ ရိုးရိုး ဖိုက်တာတစ်ယောက်လို့ ထင်မှတ်ထားပေမဲ့ သူ့မှာ ဖုံးကွယ်ထားတဲ့ နောက်ကြောင်းရာဇဝင်တွေနဲ့ လျှို့ဝှက်မစ်ရှင်တစ်ခု ရှိနေတဲ့အခါ ဇာတ်ရှိန်က ပိုမိုမြင့်တက်လာပါတယ်။ မိသားစုကို ဓားစာခံလုပ် ခြိမ်းခြောက်လာတဲ့ အခြေအနေမှာတောင် မမှုဘဲ ရန်သူတွေကို တရစပ် ချေမှုန်းသွားပုံတွေက ပရိသတ်ကို အကြိုက်တွေ့စေမှာ အမှန်ပါပဲ။ နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါတဲ့ ဒီပစ္စည်းတွေ ရန်သူလက်ထဲ မရောက်အောင် ကာကွယ်ရင်း တစ်ကိုယ်တော် စစ်တပ်ကြီးလို တိုက်ခိုက်မဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း