ဇာတ်ကားများ ရွေးရန်

Seoul Station

2016ဇာတ်ကားWeb-dl 1080p

ဒီကားကတော့ နာမည်ကျော် Train to Busan (2016) ရုပ်ရှင်ကားရဲ့ အကြိုဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ Yeon Sang-hoကိုယ်တိုင် ရိုက်ကူးထားတဲ့ Animationရုပ်ရှင်ပါ။ Train to Busan မှာ မိသားစုမေတ္တာနဲ့ လူသားဆန်မှုကို ဦးစားပေးပြသခဲ့ပေမဲ့ ဒီ Seoul Station မှာတော့ လူ့အဖွဲ့အစည်းရဲ့ အမှောင်ဘက်ခြမ်း၊ အထက်တန်းလွှာတွေက အောက်ခြေလူတန်းစားတွေ (အထူးသဖြင့် အိမ်ခြေရာမဲ့တွေ) အပေါ်ဆက်ဆံပုံနဲ့ လူမှုရေးမညီမျှမှုတွေကို ခါးခါးသီးသီးသရော်ထားပါတယ်။ ဇာတ်လမ်းက "Train to Busan" မတိုင်ခင် ဆိုးလ်မြို့မှာ ဖုတ်ကောင်ဗိုင်းရပ်စ် စတင်ပျံ့နှံ့ပုံကို အခြေတည်ထားပါတယ်။ ဆိုးလ်ဘူတာရုံရဲ့ထောင့်တစ်နေရာမှာ သွေးတွေသံတွေနဲ့ ဒဏ်ရာရနေတဲ့ အိမ်ခြေရာမဲ့ဦးလေးကြီးတစ်ယောက် ရောက်လာရာကနေ အစပြုပါတယ်။ လူတွေက သူ့ကို အမူးသမားတစ်ယောက်အဖြစ်သာ ထင်မှတ်ပြီး လျစ်လျူရှုခဲ့ကြရာကနေ သူသေဆုံးပြီးတဲ့နောက် ဖုတ်ကောင်အဖြစ် ပြန်နိုးထလာတဲ့အခါမှာတော့ ဆိုးလ်ဘူတာရုံကြီးတစ်ခုလုံး မုန်တိုင်းဆင်သလို ဖရိုဖရဲစတင်ဖြစ်လာပါတော့တယ်။ တခြားတစ်ဖက်မှာတော့ အိမ်ပြေးမလေး ဟယ်ဆွန်းက သူမရဲ့ကောင်လေး ဂီဝန်းနဲ့အတူ ငွေရေးကြေးရေး အဆင်မပြေမှုတွေကြောင့် တည်းခိုခန်းကနေ နှင်ချခံရမယ့်အခြေအနေနဲ့ ကြုံနေရပါတယ်။ ဂီဝန်းက ဟယ်ဆွန်းကို ပြည့်တန်ဆာအလုပ်ပြန်လုပ်ခိုင်းဖို့ ကြိုးစားရာကနေ စကားများပြီး လမ်းခွဲခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ ဟယ်ဆွန်းရဲ့အဖေဆိုသူ ဆော့ဂယူက သမီးဖြစ်သူကို လိုက်ရှာဖို့ ရောက်လာပြီး ဂီဝန်းနဲ့တွေ့ဆုံကာ သမီးကို အတူလိုက်ရှာကြပါတော့တယ်။ ဖုတ်ကောင်တွေ တရစပ်လိုက်လံကိုက်ခဲနေတဲ့ ဆိုးလ်မြို့ကြီးထဲမှာ ဟယ်ဆွန်းတစ်ယောက် ဘယ်လိုထွက်ပြေးလွတ်မြောက်မလဲ? သူ့ရဲ့အဖေဆိုသူနဲ့ ကောင်လေးတို့ကရော သူ့ကို အချိန်မီကယ်တင်နိုင်ပါ့မလားဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း