ဇာတ်ကားများ ရွေးရန်

Imprisoned 2: There Is No Escape from Fate

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ "Imprisoned: Survival Guide for Rich-and-Famous" ရဲ့ နောက်ဆက်တွဲ ဇာတ်ကား ဖြစ်တဲ့ "Imprisoned II: There Is No Escape from Fate" (2024)ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ပထမကားထက် ပိုပြီးတော့ အကြိတ်အနယ်ရှိတဲ့ ထောင်တွင်း အားပြိုင်မှုတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း "ယုယတ်ဆန်း''ဆိုတဲ့ ပညာတတ် လူငယ်လေးဟာ သူ့ရဲ့အတွင်းရေးမှူးကို သတ်တယ်လို့ စွပ်စွဲခံရပြီး ကျုံယွမ်ဗဟိုအကျဉ်းထောင်မှာ တစ်သက်တကျွန်း ထောင်နန်းစံနေရပါတယ်။ စည်းမျဉ်းတွေစည်းကမ်းတွေ ပိုင်းခြားထားတဲ့ ဗဟိုထောင်ရဲ့ အချုပ်အခြာအာဏာအရ ယတ်ဆန်းတစ်ယောက် ရှေ့နေငှားမရ အယူခံဝင်မရ ဖြစ်နေပါတယ်။ ဒါပေမဲ့ ယတ်ဆန်းဟာ ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး အများနဲ့ မတူတဲ့ အတွေးအခေါ်ကို ပိုင်ဆိုင်ထားတဲ့ လူထူးလူဆန်း ပညာတတ်တစ်ယောက်ပါ။ သူ့ရဲ့အားသာချက်က စာအရမ်းဖတ်တာပါပဲ...သူဟာ ထောင်တွင်းမှာ ဥပဒေစာအုပ်တွေဖတ်ပြီး သူ့ကိုယ်သူ အယူခံဝင်နိုင်ဖို့ ​ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ထောင်မှူးရဲ့ ရက်စက်ယုတ်မာမှုတွေ ထောင်တွင်းက လူမိုက်တွေ..ထောင်သားအချင်းချင်း နှိပ်စက်မှုတွေ ထောင်ရဲ့စည်းမျဥ်းစည်းကမ်းတွေနဲ့ ထောင်က​နေလွတ်ရဖို့ အခက်အခဲတွေ ရင်ဆိုင်ရပါတော့တယ်။ ဒီလို အခက်အခဲတွေကို ရင်ဆိုင်ပြီး ယတ်ဆန်းတစ်ယောက် ထောင်ကနေ ပြန်လွတ်နိုင်ပါ့မလား??? သူ မသတ်တဲ့ လူသတ်မှုတစ်ခုအတွက် ထောင်က လွတ်မြောက်ဖို့ ကြိုးစားရုန်းကန်နေတဲ့ ပညာတတ် လူငယ်တစ်ယောက်ရဲ့ လွတ်မြောက်ဖို့ ကြိုးစားအားထုတ်ပုံ... ထောင်တွင်းလူမိုက်တွေရဲ့ ထောင်ဖောက်ပြေးဖို့ ကြိုးစားကြပုံ.... ကဲ သူတို့တစ်တွေ နောက်ဆုံးမှာ လွတ်မြောက်ကြမှာလား ထောင်မှူးရဲ့ ရက်စက်ယုတ်မာမှုတွေကို ဘယ်လိုမျိုး ရင်ဆိုင်ကြမှာလဲ... ထောင်ဖောက်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းက မပျင်းရဘဲ အလှည့်အပြောင်း​လေးတွေနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းအောင် ရိုက်ကူးထားတဲ့ ဟောင်ကောင်ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း