Leak 2
ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ ဘာလီလူမျိုးတွေရဲ့လေယက်လို့ခေါ်တဲ့ မှော်နက်ပညာကို အခြေခံရိုက်ကူးထားတဲ့ ဟော်ရာကားလေးဖြစ်ပါတယ်။ ဒီပညာကို ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် သုံးစွဲကြတာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ သုံးစွဲသူဟာ ကွယ်လွန်ပြီးတဲ့နောက်ပိုင်း သူ့အစွမ်းတွေနဲ့ မကျွတ်မလွတ် ဖြစ်ရပါတယ်။ ပူတရာနဲ့ ဆန်ဒရာတို့ဟာ ဇနီးမောင်နှံဖြစ်ပြီး သားသမီးမထွန်းကားသေးပါဘူး။ ကလေးယူဖို့အတွက် အပန်းဖြေဖို့ ဘာလီကျွန်းမှာရှိတဲ့ သူတို့ဗီလာကို ထွက်လာခဲ့ကြပါတယ်။ ဗီလာကိုရောက်ရောက်ချင်းပဲ ဆန်ဒရာတစ်ယောက် ထူးဆန်းတဲ့အငွေ့အသက်တွေကို ခံစားလာရပါတော့တယ်။ မိန်းမကြီးတစ်ဦးရဲ့ခြောက်လှန့်မှုကို ခံစားခဲ့ရတာပါ။ ဘာလီကျွန်းနယ်ခံလည်းဖြစ်ပြီး ဆန်ဒရာ့သူငယ်ချင်း ဒန်နီရဲ့အကူအညီနဲ့ ဆဌမအာရုံရနေတဲ့ သူ့အမျိုး ဂါယာတရီ့ကို အကူအညီတောင်းခဲ့ပါတယ်။ ဂါယာတရီ့အကူအညီနဲ့ ဆန်ဒရာ ခံစားနေရတဲ့ ထူးခြားဆန်းကြယ်မှုတွေကို ဖြေရှင်းကြပုံကို ခံစားကြည့်ရှုရမယ့် အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း