Sentimental Value
ယခုတစ်ခေါက် မိတ်ဆက်ပေးမယ်ဇာတ်ကားလေးကတော့ 2025 မှာ ထွက်ရှိလာတဲ့ Sentimental value ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ IMDb 7.9/10 ရထားတဲ့အပြင် ဇာတ်ကားလေးက ညွှန်းစရာမလိုအောင်ကို ကောင်းနေတာမို့ အမြန်ပဲကြည့်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်နော်။ ဇာတ်ကားလေးရဲ့အကျဉ်းချုပ်ကတော့ နိုရာဟာ ငယ်စဉ်ကတည်းက ဖခင်ရဲ့ချစ်ခြင်းမေတ္တာတွေကို မရရှိခဲ့တဲ့သူလေးပါ။ နိုရာရဲ့မိဘတွေဟာ ငယ်စဉ်ကတည်းက ကွဲသွားပြီး အမေဖြစ်သူနဲ့ပဲ နေခဲ့ရပါတယ်။ အမေနာမကျန်းဖြစ်လာပြီးတဲ့နောက်မှာ နိုရာတစ်ယောက် သူ့ညီမဖြစ်သူ အက်နီးစ်ကိုပါ စောင့်ရှောက်ခဲ့ရပါတယ်။ မိဘတွေရဲ့ချစ်ခြင်းမေတ္တာကို မရခဲ့တဲ့စိတ်ဒဏ်ရာတွေဟာ အသက်ကြီးလာတဲ့အခါမှာတော့ တဖြည်းဖြည်းပိုဆိုးလာပြီး သူ့ကိုယ်သူ ဘာဖြစ်ချင်မှန်းတောင် မသိတော့ပါဘူး။ တစ်ဖက်မှာလည်း အဖေဖြစ်သူက တချိန်က နာမည်အလွန်ကျော်ကြားခဲ့တဲ့ဒါရိုက်တာကြီးတစ်ယောက်ပါ။ အခုတော့ နောက်ဆုံးဂန္ဓ၀င်ရုပ်ရှင် တစ်ခုကိုထုတ်လုပ်ဖို့အတွက် သူ့သမီးနိုရာကို ရည်ညွှန်းပြီး ဇာတ်ညွှန်းတစ်ခုရေးကာ နိုရာကို သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းပါတော့တယ်။ ငယ်စဉ်ကတည်းက အတူတူမရှိပေးခဲ့တဲ့ အဖေဖြစ်သူရဲ့ကမ်းလှမ်းချက်ကို ခါးခါးသီးသီးငြင်းပါတော့တယ်။ ဒီတော့ သူ့အဖေဖြစ်သူ ဂူစတာတစ်ယောက် သူ့သမီးကို စည်းရုံးတဲ့နေရာမှာ အောင်မြင်သွားမှာလား။ နိုရာအတွက် ရည်ညွှန်းထားတဲ့ဇာတ်ညွှန်းထဲမှာ ဂူစတာတစ်ယောက် သူ့ရဲ့အဖေတစ်ယောက်အနေနဲ့ ခံစားချက်တွေကို ဘယ်လိုထည့်သွင်းထားမလဲ ။ နိုရာတစ်ယောက် သူ့အဖေအပေါ်ခါးသီးမှုတွေ ပယ်ဖျောက်သွားနိုင်မှာလား စတာတွေကို ချစ်ခြင်းမေတ္တာဆိုတာ လူတစ်ယောက်အတွက် ဘယ်လောက်အရေးကြီးကြောင်း ဘယ်လောက်ပဲ မုန်းတီးနေပါစေ အကြောင်းရင်းမှန်ကို သိရတဲ့အခါ ထိုအမုန်းတရားတွေက ခွင့်လွှတ်ခြင်းအဖြစ်ပြောင်းလဲသွားနိုင်ကြောင်းတွေနဲ့အတူ ရောနှောဖော်ပြထားတာမို့ အခုပဲကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ဘယ်လောက်ပဲ အပြင်ဘက်မှာ မာကျောနေတဲ့လူဖြစ်ပါစေ အတွင်းစိတ်ထဲမှာတော့ နွေးထွေးတဲ့အိမ်လေးကို လိုချင်ကြောင်း လူ့သဘာ၀ကို ဖော်ပြထားတာမို့ ကြည့်ရင်း ရသတစ်ခုရစေနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Paing Chan Thar ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း