Beginning of the Great Revival
ဒီတစ်ခေါက်မှာတော့ Chinese Communist Party (CCP) အဖွဲ့အစည်းရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း သမိုင်းဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ "Beginning Of The Great Revival 2011" ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားဟာဆိုရင်တော့ 1911 ခုနှစ်မှ 1921 ခုနှစ်အထိ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နာမည်ကြီးသမိုင်းဖြစ်ရပ်များ ကို အခြေခံပြီး အခက်အခဲများကြားမှ တရုတ်ကွန်မြူနစ်ပါတီ (CCP) တည်ထောင်နိူင်ခဲ့ပုံကို အဓိက ရိုက်ကူးပြသထားတဲ့ Historical Dramaကားတစ်ကား ဖြစ်ပါတယ်။ 1911 ခုနှစ်တွင် ရှင်းဟိုင်ပုန်ကန်မှု ဖြစ်ပွားပြီး ချင်းမင်းဆက် ပြိုလဲသွားကာ ဧကရာဇ်စနစ်အဆုံးသတ်သွားပါတယ်။ ဆွန်ယက်ဆင် ဦးဆောင်တဲ့အဖွဲ့ဟာ သမ္မတနိူင်ငံစနစ် (Republic of China) ကို စတင်ထူထောင်ခဲ့ပေမယ့် နိုင်ငံရေးမတည်ငြိမ်မှု စစ်ဗိုလ်အာဏာရှင်များ နိုင်ငံခြားအင်အားကြီးနိုင်ငံများရဲ့ ဗိုလ်ကျဖိနှိပ်မှုများကြောင့် ပြည်သူများဟာ အခက်အခဲများစွာနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ ဒီအခြေအနေအတွင်းမှာ ငယ်ရွယ်တဲ့ ပညာတတ်လူငယ်များ ဖြစ်တဲ့ မောင့်ကျယ်သုန်း(မော်စီတုံး) ကျိုးအန်းလိုင် လီသာ့ချောင် ချန်းးတူးရှို့စတဲ့သူတွေဟာ နိုင်ငံကို ကယ်တင်ဖို့ နည်းလမ်းသစ်တွေကို စဉ်းစားလာကြပါတယ်။ 1919 ခုနှစ်မှာ May Fourth Movement ဖြစ်ပွားလာပြီး တရုတ်လူငယ်ပညာတတ်များက အနောက်တိုင်းအတွေးအခေါ်များဖြစ်တဲ့ မာကစ်ဝါဒ (Marxism) / ကွန်မြူနစ်အယူဝါဒတွေကို လေ့လာပြီး လက်ခံလာကြပါတယ်။ ဒီအယူဝါဒတွေဟာ နိုင်ငံကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်လာကြပြီး အဖွဲ့အစည်းတစ်ခုအဖြစ် စုစည်းရန် ကြိုးပမ်းလာကြပါတယ်။ နောက်ဆုံး 1921 ခုနှစ် ရှန်ဟိုင်းမှာ လူအနည်းစုသာ ပါဝင်တဲ့ လျှို့ဝှက်အစည်းအဝေးတစ်ခုကျင်းပကာ တရုတ်ကွန်မြူနစ်ပါတီ (Chinese Communist Party) ကို တရားဝင်တည်ထောင်နိူင်ခဲ့ကြပါတယ်။ ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ ဧကရာဇ်စနစ်ပျက်သုန်းချိန်မှ အစပြုပြီး CCP ကို တည်ထောင်နိုင်ခဲ့တဲ့အထိဖြတ်သန်းခဲ့ရတဲ့ ခရီးကြမ်းကို လျှောက်လှမ်းရင်း များစွာသော ပြည်သူတွေ ပညာတတ်လူငယ်တွေ အနစ်နာခံခဲ့ရပုံကို သမိုင်းတကျော့ပြန် ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း