Contorted
ဒီဇာတ်ကားကတော့ ကိုရီးယား Horror Queen လို့ တင်စားခံရတဲ့ မင်းသမီး Seo Young-hee (The Chaser, Bedevilled တို့မှာ ပါဝင်ခဲ့သူ) ခေါင်းဆောင်ပါဝင်ထားတဲ့ Psychological Horror အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ချွဲဟျွန်းမင်းတို့ မိသားစုဟာ စီးပွားရေးအဆင်မပြေမှုတွေ၊ အကြွေးပြဿနာတွေကြောင့် မြို့ပြကနေဝေးကွာပြီး လူသူကင်းမဲ့တဲ့နေရာက အိမ်ကြီးတစ်လုံးဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ အိမ်ရဲ့တည်ဆောက်ပုံက ခပ်ဆန်းဆန်းဖြစ်ပြီး သာမန်အိမ်တွေလို တောင်ဘက်၊ အရှေ့ဘက်ကို မျက်နှာမမူဘဲ အနောက်ဘက်ကို ဦးလှည့်ထားတဲ့ အိမ်မျိုးပါ။ ပြောင်းလာပြီး ပထမဆုံးရက်မှာတင် ဇနီးသည်ဖြစ်သူ မြောင်ဟေးဟာ ထူးဆန်းတဲ့အသံတွေ၊ ခြောက်ခြားစရာအိပ်မက်ဆိုးတွေကို စတင်ကြုံတွေ့လာရပါတယ်။ အထူးသဖြင့် သော့ခတ်ထားတဲ့ဂိုဒေါင်ဘက်ကနေ ကြားနေရတဲ့ အသံနက်ကြီးတွေက သူ့ကို ဖြည်းဖြည်းချင်း စိတ်ဖောက်ပြန်လာစေပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဒါကို မိသားစု စီးပွားရေးအဆင်မပြေမှုကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုလို့ပဲ ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဇနီးသည်ရဲ့အပြုအမူတွေက ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲလာတဲ့အခါ... ဒီအိမ်ကြီးမှာ တကယ်ပဲ ဘာတွေရှိနေတာလဲ၊ မိသားစု ကံကြမ္မာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း