ဇာတ်ကားများ ရွေးရန်

Love Barista

2025ဇာတ်ကားWeb-dl 1080p

Running Man fanတို့ရဲ့ အသဲစွဲ အာရှမင်းသား လီဂွမ်ဆူရဲ့ ရုံတင်ဇာတ်ကားလေး “Love Barista” ထွက်ရှိလို့လာပါပြီ။ ဒီကားလေးထဲမှာ ဂန်ဟာနူးကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်ကားအတွင်းမှာလည်း မင်းသားတစ်လက်ဖြစ်တဲ့ လီဂွမ်ဆူက ဇာတ်ကားထဲမှာ “ဂန်ဂျွန်အူ” ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားပါတယ်။ အာရှမင်းသားလေး ဂန်ဂျွန်အူက သရုပ်ဆောင်တစ်ယောက်ဖြစ်နေပေမယ့်လည်း နာမည်သာကြီး၍ အဖြစ်မမြောက်သလို ခံစားနေရပါတယ်။ တစ်နေ့မှာ သူက ကြော်ငြာတစ်ခုအတွက် ဗီယက်နမ်ကို သွားရပါတယ်။ ထိုကြော်ငြာရိုက်ကူးပြီးတော့လည်း ၅ နှစ်ဆက်တိုက် လက်တွဲလာခဲ့ပြီးမှ ကြော်ငြာကုမ္ပဏီက ဂျွန်အူကို လက်တွဲဖြုတ်လိုက်ပါတယ်။ ကိုယ် သရုပ်ဆောင်ဖို့ ရာထားတဲ့ ဇာတ်လမ်းကိုလည်း မင်းသားပြောင်းရိုက်မယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဆက်လက်၍ အဆင်မပြေမှုပေါင်းများစွာ ဖြစ်နေတဲ့အတွက် ကျင်းပဖို့ရှိတဲ့ ဗီယက်နမ် ပရိသတ်တွေ့ဆုံပွဲကိုဖျက်သိမ်းပြီး ကိုးရီးယားပြန်ဖို့လုပ်ပါတော့တယ်။ ထိုစဉ် ဂျွန်အူရဲ့ မန်နေဂျာက ဂျွန်အူ့ ပတ်စပို့ကိုယူသွားပြီး လေယာဉ်ပေါ်တက်သွားတော့ ဂျွန်အူတစ်ယောက် ဗီယက်နမ်မှာ သောင်တင်နေခဲ့ပါတော့တယ်။ ထို့နောက် ဗီယက်နမ်မှာ သူ့ကိုကူညီပေးမယ့် မိန်းကလေး “ထာအို”ဆိုသူနဲ့ တွေ့ဆုံသွားရပါတော့တယ်။ ဂျွန်အူ နာမည်ကြီးသလောက် ထာအိုက သူ့ကို သိမနေခဲ့ပါဘူး။ အလွဲပေါင်းများစွာနဲ့ ရယ်နေရမယ့် ဇာတ်ကားလေးဖြစ်ပြီးတော့ ဂျွန်အူ နဲ့ ထာအိုကြားက ချစ်ခြင်းတရားလေးကို ကြည့်ရှုရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Thiri Htun ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း