ဇာတ်ကားများ ရွေးရန်

La Tahzan

2025ဇာတ်ကားWeb-dl 1080p

ဒီကား​လေးက​တော့ အင်ဒိုနီးရှားနိုင်ငံက အယ်လီဇာစီဖာဆိုသူအမျိုးသမီးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အ​ခြေခံရိုက်ကူးထားတဲ့ အိမ်​ထောင်​ရေးဇာတ်ကား​​လေး ဖြစ်ပါတယ်။ က​လေးထိန်းတစ်​ယောက် ​ခေါ်မိရာက​နေ မိသားစုပြိုကွဲသွားရတဲ့အ​​ကြောင်း ဖြစ်ပါတယ်။ အာလီနာနဲ့ ​ရေဇာတို့ဟာ သိပ်ချစ်ကြတဲ့စုံတွဲ​တွေဖြစ်ပြီး မူကြိုအရွယ်သမီး​လေးရယ်ရီနဲ့ လသားအရွယ် မာလစ်တို့နဲ့အတူ သာယာတဲ့မိသားစုဘဝ​လေးကို ပိုင်ဆိုင်ထားသူပါ။ အာလီနာက​​တော့ ကိုယ်ပိုင်အွန်လိုင်း​စျေး​​ရောင်းဆိုင်​လေးဖွင့်ထားသူမို့ အလုပ်​တွေများ​နေတဲ့အတွက် မာလစ်ကို ထိန်း​ပေးဖို့ က​လေးထိန်းအမျိိုးသမီးတစ်​ယောက်ကို အလုပ်ခန့်ဖို့ ဖြစ်လာပါ​တော့တယ်။ အဲဒီမိန်းက​လေး အိမ်ကို ​ရောက်လာတဲ့အချိန်က စပြီး သူတို့မိသားစုဘဝ​လေး ကံကြမ္မာမုန်တိုင်း စတိုက်ဖို့အ​ကြောင်းဖြစ်လာပါ​တော့တယ်။ ခင်ပွန်းဖြစ်သူ ​ရေဇာနဲ့ က​​လေးထိန်းတို့ရဲ့အ​နေနီးစပ်မှုက​နေ အိမ်​ထောင်​ရေး​ဖောက်ပြန်မှုဖြစ်လာပုံကို တဆင့်ချင်းပုံ​ဖော်​ပေးထားပြီး သင်ခန်းစာယူဖွယ် မိသားစုအ​ရေးကိစ္စကို ရင်တထိတ်ထိတ်နဲ့ ခံစားရမယ့် ဖြစ်ရပ်မှန်အိမ်​ထောင်​ရေးဇာတ်လမ်း​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း