ဇာတ်ကားများ ရွေးရန်

Point Blank

2019ဇာတ်ကားWeb-dl 1080p

Point Blank (2019) ကားလေးကတော့ Marvel ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ Falconနဲ့ Crossbones တို့ နှစ်ယောက် အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Action-Thriller အမျိုးအစားဖြစ်ပါတယ်ရှင့်။ ၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ ပြင်သစ်ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဆေးရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ သူနာပြု ပေါလ်ဆီကို လူသတ်မှုသံသယရှိသူ ဒဏ်ရာရလူနာ အဘီရောက်လာရာကနေ စခဲ့ပါတယ်။ အဘီရဲ့ညီဖြစ်သူက ပေါလ်ရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ကို ပြန်ပေးဆွဲပြီး အဘီကို ဆေးရုံကနေ ခိုးထုတ်ပေးဖို့ ခြိမ်းခြောက်လာပါတယ်။ အဲ့ဒီနောက်မှာတော့ ပေါလ် နဲ့ အဘီတို့ဟာ မကြည်ဖြူပေမဲ့လည်း အခြေအနေအရ ပူးပေါင်းပြီး အကျင့်ပျက်ရဲတွေ၊ လူဆိုးဂိုဏ်းတွေကြားထဲကနေ ရုန်းထွက်ဖို့ ကြိုးစားကြတဲ့ တစ်နေ့တာ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းက တကယ့်ကို "Point Blank" အတိုင်းပဲသွားထားတာပါ။ ရှုပ်ထွေးတဲ့ Plot Twist တွေ သိပ်မပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ကိုပဲ အသားပေးကြည့်ချင်သူတွေအတွက် တကယ့်ကို ကောင်းမွန်တဲ့ ဇာတ်ကားလေးပါ။ အထူးသဖြင့် မင်းသားနှစ်ယောက်ရဲ့ ပရိသတ်ဆိုရင်တော့ ပိုပြီး သဘောကျမှာ သေချာပါတယ်ရှင့်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ pyae yati ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း