ဇာတ်ကားများ ရွေးရန်

The Battle of Oslo (or) Blücher

2025ဇာတ်ကားWeb-dl 1080p

1940 မှာ ဂျာမန်တွေ နော်ဝေကို ပထမဆုံးအကြိမ်ကျုးကျော်လာတဲ့အချိန်ကို အသေးစိတ်နားလည်နိုင်မယ့် နော်ဝေစစ်သမိုင်းရုပ်ရှင်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြို့တော်ကိုရောက်ဖို့ သင်္ဘောတွေအားလုံးဖြတ်လာရမယ့် အဓိကစစ်ဆေးတဲ့ပွိုင့်ဖြစ်တဲ့ အော်စကာ‌ဘော့ကို အသက် 64နှစ်အရွယ် ကာနယ်အယ်ရစ်ဆန်က အမိန့်ပေး ဦးစီးပါတယ်။ တကယ်တော့ ဂျာမန်စစ်သင်္ဘောတွေဝင်လာတာကို အစောကြီးတည်းက အချိန်မီ သတင်းရခဲ့ပေမယ့် အစိုးရဘက်က ကြားနေဝါဒကို ဆက်ထိန်းပြီး ဘာလုပ်ရမယ်ဆိုတာ အမိန့်မပေးဘဲ စောင့်ခိုင်းတဲ့အတွက် အချိန်တွေ ကြန့်ကြာသွားရတာပါ။ ကာနယ်အယ်ရစ်ဆန်က သူတို့ရေပိုင်နက်ကို ကျူးကျော်လာတာမို့ စုရုံးပြင်ဆင်ချင်ပေမယ့် အထက်ကအမိန့်မရလို့ ထိထိရောက်ရောက်မလုပ်နိုင်ပါဘူး။ တကယ်တမ်း ရန်သူတွေဝင်လာတဲ့အချိန်ကျမှ လူအင်အား မလုံလောက်တဲ့အပြင် မအောင်မြင်တဲ့ကာကွယ်ရေးမူဝါဒတွေကြောင့် မြို့တွေအသိမ်းခံရပြီး နောက်ဆုံး အင်အားမမျှတော့မှ လက်နက်ချပြီး ဂျာမန်တွေနဲ့ ညှိနှိုင်းရပါတော့တယ်။ ဒါပေမဲ့ အဲဒီခေတ်က ထုံးစံအတိုင်း ကိုယ့်အပြစ်ကိုယ်မမြင်ဘဲ လက်တွေ့လုပ်ခဲ့တဲ့ အရာရှိတွေပေါ် လွှဲချတဲ့လုပ်ရပ်ကိုပါ မြင်တွေ့ရမှာပါ။ ဇာတ်ကောင်တွေရဲ့ ထိထိမိမိ သရုပ်ဆောင်ကွက်တွေနဲ့ အရည်အသွေးမြင့်လက်ရာတွေကြောင့် ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ shune lai kk ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း