ဇာတ်ကားများ ရွေးရန်

Bhagwat Chapter One Raakshas

2025ဇာတ်ကားအမှတ် 7/10Web-dl 1080p

အချစ်နဲ့ အိမ်ထောင်ရေးကို အိပ်မက်မက်နေကြတဲ့ မိန်းကလေးတွေက မင်္ဂလာဆောင်ဖို့ဆိုပြီး ရွှေငွေတွေယူကာ အိမ်ကထွက်သွားကြပေမဲ့ လမ်းတစ်ဝက်မှာတင် ပျောက်ဆုံးသွားကြပါတယ်။ ဒီပျောက်ဆုံးမှုတွေရဲ့ နောက်ကွယ်မှာတော့ လူရိုးလူအေး ပုံစံဖမ်းထားတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ရက်စက်တဲ့ အကြံအစည်တွေ ရှိနေပါတယ်။ သူက အချစ်ကို မျှားစာအဖြစ်သုံး မိန်းကလေးတွေကို ယုံကြည်အောင်ဖြားယောင်းပြီး နောက်ဆုံးအချိန်မှာ အနာဂတ်အတွက်ဆိုတဲ့ ခေါင်းစဉ်တပ်ကာ အဆိပ်သင့်စေမဲ့ သွေးအေးလူသတ်ပွဲတွေကို ဖန်တီးသူတစ်ဦးပါ။ ဒီလူသတ်သမားက ဥပဒေရဲ့ ဟာကွက်တွေကို ကောင်းကောင်းနားလည်ထားတာမို့ ရဲတပ်ဖွဲ့အတွက် သက်သေရှာဖို့ ခက်ခဲနေသလို တရားခွင်မှာလည်း ရှေ့နေမငှားဘဲ ကိုယ်တိုင် ခုခံချေပပြီး တရားစီရင်ရေးစနစ်တစ်ခုလုံးကို ကစားသွားနိုင်သူ ဖြစ်ပါတယ်။ သူ့ကိုသူ သိမ်းငှက်လို့ တင်စားပြီး သားကောင်တွေကို အမဲလိုက်တယ်လို့ ခံယူထားသူတစ်ယောက်ကို ဥပဒေက အပြစ်ပေးနိုင်မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှူရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Alexia Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း