Second Sister
ဒီတစ်ခေါက်မှာတော့ ကေဒရမ်မာ ပရိသတ်တွေဆိုရင် ရင်းနှီးနေလောက်ကြမယ့် “ခွေးပေါက်လေး”လို့ နာမည်ပြောင်ခေါ်ကြတဲ့ Kim Min-Kyu ရဲ့ “Second Sister” လို့ခေါ်တဲ့ ရုံတင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း အွန်လိုင်းပေါ်ကနေ အုပ်စုလိုက် တိုက်ခိုက်စော်ကားမှု (Cyberbullying) ကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ သေဆုံးမှုကနေ စတင်ပါတယ်။ သေဆုံးသွားသူရဲ့ အစ်မဖြစ်သူ ဆိုအင်း က သူမညီမလေးရဲ့ သေဆုံးမှုဟာ ရိုးရိုးသားသား မဟုတ်ဘူးဆိုတာကို ယုံကြည်နေသူပါ။ ဒါကြောင့် သူမဟာ အမှုကို စုံစမ်းဖို့အတွက် စိတ်အေးပြီး ဘာကိုမှ ဂရုမစိုက်သလို နေတတ်တဲ့ စုံထောက် ဂျွန်ဂယောင်း (Kim Min-Kyu) ကို ငှားရမ်းခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ညီမဖြစ်သူကို သေတွင်းထဲတွန်းပို့ခဲ့တဲ့ အမည်မသိ အွန်လိုင်းလူသတ်သမားတွေရဲ့ ခြေရာကို လိုက်ရင်း၊ လူမှုကွန်ရက်တွေရဲ့ နောက်ကွယ်က ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားမယ့် Digital Mystery Thriller ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အရှိန်တက်လာတာကတော့ အဲ့ဒီအမည်မသိ လူသတ်သမားဟာ သူတို့နှစ်ယောက် နောက်ယောင်ခံလိုက်နေတာကို သိသွားပြီး သူတို့ကိုပါ အွန်လိုင်းကနေတစ်ဆင့် အန္တရာယ်ပြုဖို့ ကြိုးစားလာတဲ့အခါမှာပါ။ ဒီကားက ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ Facebook, Telegram, Instagram စတဲ့ လူမှုကွန်ရက်တွေပေါ်က စကားလုံးတစ်လုံးဟာ လူတစ်ယောက်ရဲ့ အသက်ကို ဘယ်လိုတောင် ခြိမ်းခြောက်နိုင်သလဲဆိုတာကို ရိုက်ပြထားတာပါ။ မင်းသား Kim Min-kyu ကတော့ ဒီကားမှာ အမြဲပြုံးနေတဲ့ "ခွေးပေါက်လေး" ပုံစံမဟုတ်ဘဲ၊ တည်ငြိမ်ပြီး ဦးနှောက်သုံးရတဲ့ စုံထောက်တစ်ယောက်အနေနဲ့ ညီမဖြစ်သူအတွက် တရားမျှတမှု ရှာပေးမယ့်သူအဖြစ် ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းက တကယ်တော့ ဟောင်ကောင်ဝတ္ထုကို အခြေခံထားတာမို့လို့ ဇာတ်ရှိန်က တဖြည်းဖြည်း တက်သွားပြီး နောက်ဆုံးမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေ ပါဝင်လာမှာဖြစ်လို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Thiri Htun ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း