ဇာတ်ကားများ ရွေးရန်

Samurai Wolf II

1967ဇာတ်ကားအမှတ် 7.3/1072 မိနစ်

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၁၉၆၆ က ထွက်ရှိခဲ့တဲ့ Samuri wolf 1 ရဲ့နောက်ဆက်တွဲကား Samuri wolf 2 ပဲဖြစ်ပါတယ်။ ဒီမှာလည်း ခြေဦးတည့်ရာလှည့်လည်သွားလာနေတဲ့ Kiba ဟာ အချုပ်နှောင်ခံထားရတဲ့ Magobei Kawazu နဲ့ဆုံတွေ့ပါတယ်။ သူဟာ ရွှေမိုင်းတွင်းက အစောင့်တစ်ယောက်ကို သတ်မှုနဲ့ အုပ်ချုပ်ရေးမှုးဆီ ပိုဖို့အတွက် ဖမ်းခံထားရတာပါ။ တကယ်တော့ သူ့ကို Higasa အဖွဲ့က ရွှေမိုင်းတွင်းကို သိမ်းပိုက်ချင်တဲ့အတွက် လူသတ်ခိုင်းလိုက်တာပါ။ ဒါပေမယ့် Higasa အဖွဲက သစ္စာဖောက်ပြီး Magobei ကို လမ်းမှာ သတ်ဖို့လုပ်ပါတယ်။ Kiba ကလည်း Magobei ကို သူ့အဖေနဲ့တူတယ်ဆိုပြီး ခင်တွယ်ကာ ကာကွယ်ပေးဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှုးဆီအရောက်မှာပဲ Magobei ဟာ လွတ်မြောက်သွားပါတော့တယ်။ ဒါနဲ့ပဲ Magobei ဟာ Higasa အဖွဲကို လက်စားချေဖိုကြိုးစားပါတော့တယ်။ ဖြစ်ချင်တော့ Kiba ကလည်း Oteru ဆိုတဲ့ Higasa အဖွဲ့ခေါင်းဆောင်ရဲ့သမီးကို ချစ်ကြိုက်မိနေတာပါ။ ဒီတော့ Magobei လက်စားချေဖို့ကြိုးစားတာ အောင်မြင်သွားမလား၊ ကြားထဲ Kiba နဲ့ Magobei ကြားထဲ ဘယ်လိုအဖုအထစ်တွေကြုံလာမလဲ၊ ရွှေတွင်းကို ဘယ်သူပိုင်ဆိုင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်ရှင်။ File size…(1.3 GB)/(610 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:12:00 Genre... Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း