Jumbo
ဒီကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် အသစ်စက်စက် Adventure/Fantasy စတိုင် အင်ဒိုနီးရှားကာတွန်းကားလေး ဖြစ်ပါတယ်။ ဒွန်ဆိုတဲ့ကောင်လေးဟာ ခပ်ဝဝဖက်တီးလေးမို့ အမြဲအနိုင်ကျင့်ခံနေရတဲ့သူပါ။ ဒွန်မှာ နော်မန်နဲ့မာအယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ တနေ့ သူတို့ရွာမှာလုပ်တဲ့ အရည်အချင်းပြပွဲတစ်ခုကို ဝင်ပြိုင်ဖို့ဖြစ်လာပါတယ်။ ဖျော်ဖြေမယ့်ဇာတ်လမ်းကတော့ ဒွန်မိဘတွေ ကိုယ်တိုင်ရေးထားခဲ့တဲ့ ပုံပြင်စာအုပ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် တိုင်ပင်နေချိန် မိဘတွေနဲ့ကွဲသွားတဲ့ မယ်ရီဆိုတဲ့ ဝိညာဥ်မလေးနဲ့တွေ့ပြီး အပြန်အလှန်ကူညီပေးဖို့ ကတိပြုခဲ့ကြပါတယ်။ မယ်ရီ့မိဘတွေနဲ့ ပျောက်ကွယ်မှုနောက်ကွယ်က ဇာတ်လမ်း၊ မယ်ရီ့မိဘတွေကို ရှာပေးဖို့ ဒွန်တို့သူငယ်ချင်းအဖွဲ့ တွေ့ကြုံရမယ့်စွန့်စားခန်းများ၊ သူငယ်ချင်းတွေကြားက ခင်မင်ရင်းနှီးမှုစသဖြင့် ရသစုံခံစားရမယ့် animation ကာတွန်းကားကောင်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း