Belived
ဒီတစ်ခေါက်ဇာတ်ကားလေးက ပုံမှန် Action ကားကြီးတွေလိုမဟုတ်ဘဲ ခံစားချက်ကို ဦးစားပေးတဲ့ Art Film / Independent Movie အမျိုးအစား ဖြစ်တဲ့ “Belived”ဆိုတဲ့ ဇာတ်ကားလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားဟာ လူသားတွေ အကြောင်းပြချက်မရှိဘဲ တစ်ယောက်ပြီးတစ်ယောက် "ပျောက်ကွယ်သွားတဲ့" ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားနေတဲ့ ကမ္ဘာကြီးအကြောင်းကို အခြေခံထားပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကမ္ဘာပေါ်မှာ လူဦးရေဟာ အလွန်အမင်း နည်းပါးသွားပြီး မြို့ပြတွေဟာလည်း တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။ တနေ့မှာ ဇာတ်ဆောင်မင်းသမီးက ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ် သူက သူ့ညီမလေးကိုရှာနေတာလို့ပြောပြီး မင်းသမီးနဲ့အတူလိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။ သူ့ညီမလေးနဲ့ လူချင်းကွဲသွားရင် တောင်ဘက်ပိုင်းမှာ တွေ့မယ်ပြောထားလို့ သွားဖို့ပြောပါတယ်။ တောင်ဘက်ပိုင်းမှာ လူတွေလည်း စုနေတယ်ဆိုတာကိုကြားပြီး ကောင်လေးကို လိုက်စီးခွင့်ပေးလိုက်ပါတော့တယ်။ ထို့နောက် ဆက်ဖြစ်ပျက်မယ့်အရာတွေကိုတော့ ဇာတ်ကားအတွင်းမှာ ကြည့်ရှူဖို့ ပြောချင်ပါတယ်။ ကောင်လေးကလည်း ညီမလေးကိုရှာတွေ့သွားမလား။ လူတွေ ဘာလို့ပျောက်သွားတာလဲ စသဖြင့်ပေါ့။ ဒီဇာတ်ကားလေးကတော့ သာမာန်ဇာတ်ကားတွေနဲ့မတူဘဲ အေးအေးဆေးဆေးလေးကြည့်ရမယ့် ဖလင်ရုပ်ရှင်ဇာတ်ကားလေးပါ။ အက်ရှင်ကားမျိုး မဟုတ်ဘဲ "တကယ်လို့ ငါတို့ချစ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် အလိုလိုပျောက်ကွယ်သွားရင် ဘာဆက်လုပ်မလဲ?" ဆိုတဲ့ အတွေးအခေါ်ပိုင်းကို ဦးစားပေးထားတဲ့ ဇာတ်ကားလေးပါ။ အပျင်းပြေကြည့်ရှူဖို့ အကြံပေးလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Thiri Htun ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း