ဇာတ်ကားများ ရွေးရန်

Noroi

2005ဇာတ်ကားBlu-ray 1080p

ဒီဇာတ်ကားဟာ ပျောက်ဆုံးသွားတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တစ်ယောက်ရဲ့ ချန်ထားရစ်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေကို ပြန်လည်တည်းဖြတ်ထားတဲ့ Documentary ပုံစံ (Found Footage) Horror ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ J-Horror လောကရဲ့ အကောင်းဆုံးနဲ့ အခြောက်ခြားဆုံး လက်ရာတစ်ခုလို့ သတ်မှတ်ကြပါတယ်။ ​ဇာတ်လမ်းအညွှန်း : ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်ရပ်တွေကို လေ့လာစုံစမ်းတဲ့ သတင်းထောက် မာဆာဖူမိ ကိုဘာယာရှီ (မဆဖူမီ ခိုဘရရှီ) ဟာ အိမ်နီးနားချင်းဆီက ထူးဆန်းတဲ့ အသံတွေကြားရတယ်ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ တိုင်ကြားချက်ကို စုံစမ်းရင်းနဲ့ ဇာတ်လမ်းစတင်ခဲ့ပါတယ်။ အစပိုင်းမှာ သာမန်ဖြစ်ရပ်လို့ ထင်ရပေမယ့် ခိုဘရရှီ စုံစမ်းလေလေ ဆက်စပ်မှုမရှိတဲ့ လူအသေအပျောက်တွေ၊ ပျောက်ဆုံးမှုတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုဖြစ်တဲ့ "ကာဂုတာဘီ" (ခဂူတဘ) နဲ့ ဆက်နွယ်နေတာကို ထိတ်လန့်ဖွယ် တွေ့ရှိလာရပါတယ်။ ​ဇာတ်လမ်းဟာ သာမန်သရဲကားတွေလို ခြောက်လှန့်တာမျိုးထက်၊ ပဟေဠိတစ်ခုကို တစ်စစီ ဖြေရှင်းရင်း နောက်ကွယ်က ကြောက်မက်ဖွယ်ရာ အမှန်တရားကို တဖြည်းဖြည်းချင်း ဖော်ထုတ်ပြသွားတာဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခု မဆိုင်သလိုရှိတဲ့ ဖြစ်ရပ်တွေဟာ နောက်ဆုံးမှာတော့ ကြောက်မက်ဖွယ် ကွင်းဆက်တစ်ခုအဖြစ် စုစည်းသွားပုံက ပရိသတ်ကို ရင်တထိတ်ထိတ် ဖြစ်စေမှာပါ။ ​ဒီဇာတ်ကားဟာ လက်တွေ့ဆန်လွန်းတဲ့ Found Footage ပုံစံနဲ့ ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူကို ဇာတ်လမ်းထဲမှာ တကယ်ရှိနေသလို ခံစားရစေပါတယ်။ အထူးသဖြင့် စိတ်ဝေဒနာရှင်လိုလို၊ တကယ်ပဲ ထူးခြားတဲ့ အာရုံခံစားမှုရှိသူလိုလို ဖြစ်နေတဲ့ ဟိုရီ (Hori) ဆိုတဲ့ ဇာတ်ကောင်ရဲ့ သရုပ်ဆောင်ချက်တွေဟာ ကြည့်ရှုသူကို အေးစိမ့်သွားစေမယ့် ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ ​ဒါရိုက်တာ ခိုဂျီ ရှီရအိရှီ ရဲ့ လက်ရာဖြစ်ပြီး အစအဆုံး တင်းကြပ်နေတဲ့ ရင်ခုန်သံတွေနဲ့အတူ ကျိန်စာရဲ့ နောက်ဆုံးနိဂုံးက ဘယ်လိုဖြစ်မလဲ၊ ခိုဘရရှီ ဘာကြောင့် ပျောက်ဆုံးသွားတာလဲဆိုတာကို ရှာဖွေကြည့်ရှုရမယ့် J-Horror စစ်စစ် လက်ရာကောင်းတစ်ခုပဲ ဖြစ်ပါတယ်ခဗျ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ zaw wunna ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း