Lady Cop & Papa Crook
ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်ရဲ့ နာမည်ကြီး ဆီမှောင်ခိုဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဂျွန်ရဲ့သားကို ပြန်ပေးဆွဲခံလိုက်ရတာကနေ စတင်ထားပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် စိတ်မြန်လက်မြန်ရှိပြီး စည်းကမ်းကြီးတဲ့ ရဲအရာရှိ ရဲမေမော်ရင်းကို တာဝန်ပေးခြင်းခံရပါတယ်။ "Lady Cop''လို့ တင်စားရလောက်အောင် သွက်လက်ဖျက်လတ်ပြီးလူဆိုးဖမ်းရာမှာ ကျွမ်းကျင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ရဲဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ တစ်ဖက်မှာကတော့''Papa Crook" (လူဆိုးဂိုဏ်းဖခင်ကြီး) လို့ တင်စားခံရတဲ့ ဆီမှောင်ခိုဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။ ဒီဂိုဏ်းခေါင်ကြီးဟာ ဥပဒေရဲ့ တဖက်ခြမ်းမှာ ရှိနေပေမဲ့ သားဖြစ်သူကို ကယ်တင်ဖို့ ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါတော့တယ်။ ကဲ... ဒီလိုမျိုး ရဲနဲ့ လူဆိုးကြီးအတူပူးပေါင်းပြီး ကလေးတစ်ယောက်ကို ဘယ်လိုမျိုးကယ်တင်ကြမလဲ ဘယ်လိုမျိုး အတူတူ ရင်ဆိုင်ဖြေရှင်းကြမှာလဲ....??? ဥပဒေရဲ့ တစ်ဖက်ခြမ်းစီမှာ ရှိနေတဲ့ "ရဲမေ" နဲ့ "ရာဇဝတ်ဂိုဏ်းချုပ်" တို့နှစ်ဦးဟာ ကလေးကို ကယ်တင်ဖို့အတွက် မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ကြရင်းနဲ့ ဖြစ်ပေါ်လာတဲ့ ရယ်မောစရာတွေ အလွဲလေးတွေနဲ့ အက်ရှင်ခန်းတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့အက်ရှင်ဇာတ်ကား ကြိုက်သူတွေအတွက် "Lady Cop and PaPa Crook'' ဇာတ်ကားလေးက ကြည့်ရှုသူတွေကို လုံးဝအကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း