ဇာတ်ကားများ ရွေးရန်

Wild City

2015ဇာတ်ကားBlu-Ray 1080p

တီမန်ဟာ ယခင်ရဲအရာရှိဟောင်း တစ်ယောက်ဖြစ်ကာ အတိတ်က အမှားတွေကြောင့် ရဲအလုပ်ကို စွန့်ခွာပြီးဘားဆိုင်ပိုင်ရှင် အဖြစ် နေထိုင်နေသူဖြစ်ပါတယ်။ တစ်ညမှာတော့ ရှောင်ယွင် ဟာ အရက်မူးနေပြီး ဘားထဲမှာ အန္တရာယ်ကြုံနေရတာကြောင့် တီမန် က လူသားဆန်စွာ ကူညီကယ်တင်ပေးလိုက်ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူဟာ ပြဿနာတွေထဲကို စတင်ဝင်ရောက်မိသွားပါတော့တယ်။ ရှောင်ယွင် ဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ဒုစရိုက်အဖွဲ့ကြီးတစ်ခုနဲ့ ဆိုင်တဲ့ ပိုက်ဆံအိတ် ကို ယူထားလိုက်မိပါတယ်။ အဲ့ဒီပိုက်ဆံအိတ်ထဲမှာ အကြီးစားမူးယစ်ဆေးရောင်းဝယ်မှုနဲ့ ဆိုင်တဲ့ သက်သေအချက်အလက်များ ပါရှိနေတာကြောင့် နိုင်ငံတကာ ဒုစရိုက်အဖွဲ့တွေက သူ့ကို လိုက်လံရှာဖွေနေခဲ့တာဖြစ်ပါ။ တီမန် က သူမကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သူ့ရဲ့ အတိတ် ရဲဘဝမှာကြုံခဲ့ရတဲ့ အကြမ်းဖက်ကမ္ဘာနဲ့ ထပ်မံ ထိတွေ့ရပါတော့တယ်။ဒုစရိုက်အဖွဲ့ရဲ့ အဓိကခေါင်းဆောင်ဟာ အလွန်အမင်း ရက်စက်ကြမ်းတမ်းပြီး သနားညှာတာမှုမရှိသူဖြစ်ပါတယ်။ တီမန် ဟာ သေဘေးကလွတ်ဖို့ ကြိုးစားရင်း မိမိမိသားစု၊ သူကာကွယ်ချင်တဲ့ မိန်းကလေး အားလုံးကို ကာကွယ်ဖို့အတွက် ရဲအရာရှိဟောင်းအဖြစ် အတိတ်အရည်အချင်းတွေကို ပြန်အသုံးချရပါတော့တယ်။ အဆုံးမှာတော့ သွေးထွက်သံယိုဖြစ်ပွားမှု သစ္စာဖောက်မှုနဲ့ သေဆုံးမှုတွေဖြစ်ပေါ်လာပြီး ဘယ်သူက တရားသူကြီး ဘယ်သူက လူဆိုးလဲဆိုတာ မရှင်းလင်းတော့တဲ့အခြေအနေနဲ့ရင်ဆိုင်လာရပါတော့တယ်။ ဒီဇာတ်လမ်းလေးထဲမှာ ဆိုရင်တော့ မိသားစု၊ တာဝန်နဲ့ ကိုယ်ရေးကိုယ်တာကြား ပဋိပက္ခတွေကို ရင်ဆိုင်ရင်း အတိတ်က အမှားတွေကနေ လွတ်မြောက်ဖို့ မလွယ်ကူကြောင်းနဲ့ လောင်းကစား မူးယစ်ဆေးဝါးနဲ့ ပိုက်ဆံဟာ လူသားတွေရဲ့စိတ်ကို တိရစ္ဆာန်အဖြစ် ပြောင်းလဲစေတတ်တယ် ဆိုတဲ့တာကို ရိုက်ကူးပြဿထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း