ဇာတ်ကားများ ရွေးရန်

Ashamed (or) Life is Peachy

2010ဇာတ်ကားအမှတ် 5/10Web-dl 1080p

ဒီကားက ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုရီးယား GLရုပ်ရှင်ပါ။ ဒီကားဟာ ပေါ့ပေါ့ပါးပါး Romance မျိုးထက် Art house ဆန်ပြီး စိတ်ခံစားမှု၊ အချစ်နဲ့ ဘဝအကြောင်းကို နက်နက်ရှိုင်းရှိုင်း ပုံဖော်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက အနုပညာပါမောက္ခတစ်ယောက် သူ့ရဲ့ကျောင်းသူတွေကို ကိုယ်လုံးတီးမော်ဒယ်တစ်ယောက်ကို ပုံဆွဲခိုင်းရာကနေ စတင်ပါတယ်။ အဲဒီမော်ဒယ်ကောင်မလေးက သူ့ရဲ့အချစ်ဇာတ်လမ်းကို ပြန်လည်ပြောပြတဲ့ပုံစံနဲ့ ဇာတ်အိမ်တည်ထားတာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ယွန်းဂျီဝူးဟာ ဘဝကို စိတ်ကုန်ပြီး သတ်သေဖို့ ကြိုးစားခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒီလိုနဲ့ ဂန်ဂျီဝူးဆိုတဲ့ ခါးပိုက်နှိုက်ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ကံတရားမမျှတမှုတွေကြားထဲက နာကျင်နေတဲ့ မိန်းကလေးနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ၊ သံယောဇဉ်တွေနဲ့ ချိတ်ဆက်မိသွားပြီး အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားက ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းလို သွားတာမျိုးမဟုတ်ဘဲ အချိန်ကာလ အသွားအပြန်နဲ့ တင်ဆက်ထားပါတယ်။ ဇာတ်ကောင် ၃ ယောက်လုံးရဲ့ နာမည်က ဂျီဝူးဖြစ်နေတာကလည်း ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုပါပဲ။ Titleက Ashamed လို့ ပေးထားပေမဲ့ တကယ်တမ်း ဇာတ်ကားထဲမှာ ဖော်ပြချင်တာက ကိုယ့်ရဲ့ဖြစ်တည်မှု၊ ကိုယ့်ရဲ့အချစ်အပေါ်မှာ ရှက်ရွံ့နေစရာမလိုဘဲ ရဲရဲဝံ့ဝံ့ လက်ခံသင့်တယ်ဆိုတဲ့ Message ဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း