Arwah
ဒီကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် အသစ်စက်စက် အင်ဒိုနီးရှားသရဲကားလေး ဖြစ်ပါတယ်။ ပုံမှန်သရဲဇာတ်လမ်းတွေနဲ့ ကွဲထွက်နေမှာမို့ ခံစားမှုရသသစ်ကို ခံစားရမှာပါ။ အန်ဂါတို့မှာ မောင်နှမငါးယောက်ရှိပြီး အကြီးလေးယောက်က ဂျာကာတာမှာ အခြေချနေထိုင်ကာ အငယ်ဆုံးညီမလေး ဆိုဖီကတော့ ဖခင်ကြီးနဲ့အတူ သူတို့ဇာတိရွာလေးမှာပဲ နေထိုင်ခဲ့ကြပါတယ်။ အိမ်ကိုပြန်မရောက်တာ ၄ နှစ်ကျော်ပြီမို့ အန်ဂါ, ဂျိုဂျို, မို့မို့, နင်းဒီတို့ လေးယောက်အတူစုပြီး အိမ်ပြန်လာခဲ့ကြပါတယ်။ လူမစုံတာကြာပြီဖြစ်တဲ့ သူတို့မိသားစုလေးတွေနဲ့ ပြန်ဆုံခိုက် ထမင်းလက်ဆုံစားကာ ပျော်ရွှင်နေခဲ့ကြပါတယ်။ နောက်တစ်နေ့ ရွာနားက ရေတံခွန်ကို အလည်အပတ်သွားဖို့အလုပ်မှာ ဖခင်ကြီးရဲ့ကားအဟောင်းကို မြင်ပြီး ကားအဟောင်းနဲ့ သွားခဲ့ရာမှ ဘရိတ်ပေါက်ပြီး ကားမှောက်သွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အငယ်ဆုံးညီမလေး ဆိုဖီ ပွဲချင်းပြီးသေဆုံးခဲ့ရာ သူတို့ကိုယ်တိုင်လည်း အခင်းဖြစ်တဲ့နေရာကနေ ထူးဆန်စွာ အိမ်ပြန်ရောက်နေခဲ့ပါတယ်။ ဆုံးသွားတဲ့ညီမလေးက တကယ်ပဲ ဆုံးသွားတာလား၊ သူတို့ကရော ဘယ်လို အိမ်ပြန်ရောက်လာတာလဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာ တင်ပြပုံဆန်းသစ်စွာနဲ့ ကျောစိမ့်နေအောင် ခံစားရမယ့် အင်ဒိုနီးရှားဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း