Haq
သာမန်အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ ဘဝဟာ ခင်ပွန်းသည်က နောက်အိမ်ထောင်ပြုပြီး သူမကို "တလပ်" သုံးကြိမ်ရွတ်ဆိုကာ စွန့်ပစ်လိုက်တဲ့အခါမှာတော့ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတော့တယ်။ သူမဟာ မပြောပလောက်တဲ့ လစဉ်ထောက်ပံ့ကြေး ငွေကြေးအနည်းငယ်ကို တောင်းဆိုခဲ့ပေမဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ခင်ပွန်းသည်က ဘာသာရေးဥပဒေတွေကို အကာအကွယ်ယူပြီး ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုနဲ့ ရိုးရှင်းတဲ့ အိမ်ထောင်ရေးပြဿနာလေးတစ်ခုဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်မှုအတွက် ပြင်းထန်တဲ့ တရားဥပဒေဆိုင်ရာ တိုက်ပွဲတစ်ခုအဖြစ် အသွင်ပြောင်းသွားပါတော့တယ်။ ဒီဇာတ်ကားဟာ အိမ်တွင်းရေးပြဿနာသက်သက်မဟုတ်ဘဲ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေနဲ့ ဘာသာရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေကြားက အားပြိုင်မှုကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတာပါ။ ကိုယ့်အသိုင်းအဝိုင်းက ဝိုင်းပယ်တာကို ခံရပေမဲ့ အရှုံးမပေးဘဲ စနစ်တစ်ခုလုံးကို တစ်ကိုယ်တော် ရင်ဆိုင်ရဲတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သတ္တိခွန်အားကို မြင်တွေ့ရမှာဖြစ်ပြီး သူမရဲ့ တောင်းဆိုမှုဟာ တရားရုံးချုပ်အထိ ရောက်သွားတဲ့အခါ တိုင်းပြည်တစ်ခုလုံးကို ဂယက်ရိုက်ခတ်စေမဲ့ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း