Informant
ဒီတစ်ခေါက်မှာတော့ squid game ထဲမှာပါတဲ့ မင်းသားကြီး ဟောဆောင်းထယ်ရဲ့ အဓိကဇာတ်ဆောင်ပါရတဲ့ ဇာတ်ကားလေး “The Informant” နဲ့ မိတ်ဆက်ပေးပါရစေ။ စုံထောက်ကားတွေကြိုက်တဲ့သူတွေဆို ကြည့်ဖို့အတော်ပါပဲ။ ဇာတ်လမ်းအကျဉ်း အတိတ်ဆိုးတွေရှိခဲ့တဲ့ စုံထောက် အိုနမ်ဟျော့ကို သူစုံစမ်းရင်းနဲ့ ဖမ်းမိတဲ့ ဂျိုထယ်ဘုံ လူမိုက်ဂိုဏ်းဝင်က သူ့ကိုမဖမ်းရင် ဒီထက်ပိုကြီးတဲ့ လူမိုက်ဂိုဏ်းတွေကို ဖမ်းဖို့ကူညီပေးမယ်ဆိုပြီး အကြံပြုလာပါတယ်။ ဒါနဲ့ပဲ စုံထောက်အိုနဲ့ ပေါင်းပြီး ဂျိူထယ်ဘုံက စာရင်းစာအုပ်တွေ လက်ကမ်းဖို့ သတင်းပေးအလုပ်ကို အတူတူ လုပ်ကြပါတော့တယ်။ ဒါပေမယ့် ဘယ်သတင်းပဲရရ သူတို့ဘယ်သူကိုမှ မဖမ်းမိကြပါဘူး။ ဒါနဲ့ မှောင်ခိုဂိုဏ်းတစ်ခုကို ဝင်စီးဖို့လုပ်ပါတော့တယ်။ စုံထောက်အိုက ဂိုဏ်းကိုဝင်စီးပြီး ဂိုဏ်းမှာရှိတဲ့ ရွှေတွေကို လှည့်ထုတ်ဖို့လုပ်နေခဲ့တာပါ။ ရွှေတွေကိုယူပြီး အလုပ်ထွက်မယ်လို့ စုံထောက်အိုက မောင်းတင်နေခဲ့ပါတယ်။ ဒါပေမယ့် ဂိုဏ်းက သတင်းပေးရှိနေတာကို ရိပ်မိပြီး ဂျိုထယ်ဘုံကိုသတ်ဖို့လုပ်ပါတယ်။ စုံထောက်အိုက ဂိုဏ်းရှိတဲ့နေရာကို ရောက်လာခဲ့ပေမယ့် ဘယ်သူမှရှိမနေတော့ပါဘူး။ အဲ့အပြင် အခန်းမှားဝင်သွားခဲ့တာပါ။ သူအခန်းမှားဝင်သွားတာက အားလုံးကို တိုင်ပတ်သွားစေခဲ့ပါတော့တယ်။ စုံထောက်အို ဝင်သွားတဲ့အခန်းအမှားက ဒီထက်ပိုဆိုးတဲ့ မှောင်ခိုဂိုဏ်းအကြီးစား တစ်ခုဖြစ်နေခဲ့ပါတယ်။ ထိုဂိုဏ်းက ရဲတွေနဲ့ပါ ပတ်သက်ဆက်နွယ်နေတာပါ။ စုံထောက်အိုတစ်ယောက် မထိသင့်တဲ့လူက မှားထိမိပြီး ဘယ်လိုတွေဒုက္ခရောက်မလဲဆိုတာ ဟာသနှောပြီး ကြည့်ရမယ့်ဇာတ်ကားလေးပါ။ ဒီကားထဲမှာ စုံထောက်အိုနမ်ဟျော့နဲ့ သတင်းပေး ဂျိုထယ်ဘုံတို့ရဲ့ bromance လေးကိုလည်း တွေ့မြင်ရမှာပါ။ စုံထောက်ကားဆိုပေမယ့် ရယ်နေရပြီး ပေါ့ပေါ့ပါးပါးလေး ကြည့်ရမယ့်ဇာတ်ကားဖြစ်လို့ ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Thiri Htun ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း