Stranger
ဒီကားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ လောက် (ဘီစီ ၄၀၀၀)၊ ကျောက်ခေတ်ကာလကို နောက်ခံထားပြီး ဒိန်းမတ်နိုင်ငံရဲ့ သမိုင်းဦးအစပိုင်းကို ပုံဖော်ထားတာပါ။ ဥရောပသမိုင်းမှာ အကြီးမားဆုံး ယဉ်ကျေးမှု ပဋိပက္ခတစ်ခုဖြစ်တဲ့ "အမဲလိုက်မုဆိုးခေတ်" (Hunter-gatherers) နဲ့ "စိုက်ပျိုးရေးခေတ်" (Farmers) အပြောင်းအလဲကာလကို အဓိက ရိုက်ပြထားတာ ဖြစ်ပါတယ်။ ၁၉ နှစ်အရွယ် ကောင်မလေး Aathi (Angela Bundalovic) နဲ့ သူ့မိသားစုက တောင်ဘက်ဒေသကနေ လှေတွေနဲ့ ရောက်လာကြသူတွေပါ။ သူတို့က သစ်တောတွေကို မီးရှို့ပြီး လယ်မြေဖော်ထုတ်တဲ့ "နေမင်းကိုကိုးကွယ်သူ" (Sun People/Farmers) တွေပေါ့။ ဒါပေမဲ့ ဒီဒေသမှာ မူလနေထိုင်နေတဲ့ သူတွေက သဘာဝတောတောင်ကို မြတ်နိုးတဲ့ "အမဲလိုက်မုဆိုး" မျိုးနွယ်စုတွေ ဖြစ်နေပါတယ်။ Aathi တို့ မိသားစု ရောက်လာပြီး မကြာခင်မှာပဲ ဒေသခံ မုဆိုးမျိုးနွယ်စုရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ Aathi နဲ့ သူ့မောင်လေး Tharan နှစ်ယောက်တည်း အသက်မသေဘဲ ကျန်ရစ်ခဲ့တယ်။ သူတို့မောင်နှမနှစ်ယောက်က မိဘတွေကို သတ်ခဲ့တဲ့ ရန်သူမျိုးနွယ်စုကြားမှာပဲ မဖြစ်မနေ ဝင်ရောပြီး နေထိုင်ရပါတယ်။ အသက်ရှင်ဖို့အတွက် ရန်သူတွေရဲ့ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှုနဲ့ ဓလေ့ထုံးစံတွေကို အတင်းအကြပ် သင်ယူရတယ်။ အထူးသဖြင့် အဲ့ဒီမျိုးနွယ်စုရဲ့ ခေါင်းဆောင်အမျိုးသမီး (Danica Curcic) ရဲ့ ဖိနှိပ်မှုတွေ၊ ရက်စက်တဲ့ တောင်းဆိုမှုတွေကို Aathi တစ်ယောက် ကြိတ်မှိတ်သည်းခံရပါတယ်။ ဇာတ်လမ်းအထွတ်အထိပ်မှာ Aathi ကိုယ်ဝန်ရှိလာပြီး ကလေးမွေးဖွားလာတဲ့အခါ၊ အဲ့ဒီကလေးကို မျိုးနွယ်စုက သူတို့ကလေးအဖြစ် သိမ်းပိုက်ဖို့ ကြိုးစားရာကနေ ပဋိပက္ခတွေ ပိုကြီးထွားလာပါတယ်။ ဒီကားရဲ့ ထူးခြားချက်က အဲ့ဒီခေတ်က လူတွေပြောမယ့် ရှေးဟောင်းဘာသာစကား (Proto-Indo-European) ကို ပညာရှင်တွေနဲ့ သီးသန့်တီထွင်ပြီး ဇာတ်ကားတစ်ကားလုံး ပြောစကားအနေနဲ့ သုံးထားတာပါ။ အတိုချုပ်ပြောရရင် ဒီကားက ရိုးရှင်းတဲ့ Survival ကားမျိုး မဟုတ်ဘဲ၊ လူမျိုးမတူ၊ ယဉ်ကျေးမှုမတူသူတွေကြားက အမုန်းတရားနဲ့ ကြောက်ရွံ့မှု (Xenophobia) ကို ရှေးခေတ်ပုံစံနဲ့ တင်ဆက်ထားတဲ့ "Nordic Apocalypto" ဆန်ဆန် ကားမျိုးလို့ ပြောလို့ရပါတယ်ဗျ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kim ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း