ဇာတ်ကားများ ရွေးရန်

Eko

2025ဇာတ်ကားအမှတ် 8/10Web-dl 1080p

အိန္ဒိယနိုင်ငံရဲ့ မြူတွေဆိုင်းနေတဲ့ နယ်စပ်တစ်ခုက တောင်တန်းတစ်ခုပေါ်မှာ ချက်တတ်သီ ဆိုတဲ့ အဖွားအိုတစ်ယောက်က ပီယူးစ် ဆိုတဲ့ အိမ်အကူကောင်လေးနဲ့အတူ နေထိုင်တယ်။ ချက်တတ်သီရဲ့ ယောက်ျား ကူရီယာချန်က ထူးခြားတဲ့ခွေးမျိုးစိတ်တွေကို လိုက်လံရှာဖွေပြီး လေ့ကျင့်သင်ကြားပေးသူတစ်ယောက်ပါ။ အချိန်ကာလအနေနဲ့ ကမ္ဘာစစ်တွေဖြစ်နေတဲ့အချိန်ဖြစ်ပြီး အရာရှိတော်တော်များများနဲ့ ရင်းနှီးတဲ့ ကူရီယာချန်က အဲ့ဒီအချိန်တွေတုန်းက မကောင်းတာတွေလုပ်လည်း ပြစ်ဒဏ်ခံရ‌လေ့မရှိပါဘူး။ လက်ရှိအချိန်မှာပေါ့ မိန်းမဖြစ်သူကို အိမ်အကူနဲ့ ထားခဲ့ပြီး ပျောက်ဆုံးနေတဲ့ ကူရီယာချန်ကို အတိတ်က လုပ်ခဲ့တဲ့ အပြစ်တွေအတွက် ရဲတွေအပြင် ရန်ကြွေးဆပ်ဖို့လူတွေကပါ တောအနှံ့ရှာနေကြပေမယ့် သူလေ့ကျင့်ပေးထားတဲ့ခွေးအုပ်စုက တောင်ပေါ်တက်လာခွင့်တောင်မပေးအောင် အရမ်းပါးနပ်ကြတယ်။ "ကာကွယ်ခြင်းနဲ့ ကန့်သတ်ခြင်းဟာ အတူတူပဲ" ဆိုတဲ့ မက်ဆေ့ခ်ျကို ဒီဇာတ်ကားထဲက ခွေးတွေနဲ့ ဥပမာပေးထားပြီး နောက်ဆုံးမှာ ကူရီယာချန် ပုန်းခိုနေတဲ့နေရာကို ရှာတွေ့နိုင်မလားဆိုတာ ဇာတ်လမ်းအလှည့်အပြောင်းနဲ့ စိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ ပညာပေးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပီယူးစ် အဖြစ် မင်းသား Sandeep Pradeep ၊ ကူရီယာချန် အဖြစ် မင်းသား Saurabh Sachdeva နဲ့ ချက်တတ်သီ အဖြစ် မင်းသမီးကြီး Biana Momi တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း