Drive
မီဒီယာလောကမှာ အအောင်မြင်ဆုံးနဲ့ သြဇာအရှိဆုံးဖြစ်နေတဲ့ သူဌေးတစ်ယောက်က သူ့ရဲ့ စီးပွားရေးအင်ပါယာကို ရောင်းချပြီး နိုင်ငံခြားမှာ အေးအေးလူလူ နေထိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ ထင်မှတ်မထားတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာပါတယ်။ ဖုန်းတစ်ဖက်ခြမ်းက လူဟာ သူဘယ်သူလဲဆိုတာကို သိနေရုံသာမက သူဝှက်ထားတဲ့ ငွေမည်းတွေ၊ ငွေကြေးအရှုပ်အရှင်းတွေနဲ့ လူမသိစေချင်တဲ့ လျှို့ဝှက်ချက်မှန်သမျှကို လက်ဖဝါးပေါ်တင်ကြည့်နေသလို သိမြင်နေတဲ့အခါမှာတော့ ရင်ခုန်စရာ အမဲလိုက်ပွဲတစ်ခု စတင်ပါတော့တယ်။ နည်းပညာကို အသုံးပြုပြီး တစ်ဖက်သတ် အနိုင်ကျင့် ကစားနေတဲ့ ဟက်ကာတစ်ယောက်နဲ့ အတိတ်က အမှားတွေ ပြန်လည်ခြောက်လှန့်ခံနေရတဲ့ သူတို့နှစ်ယောက်ကြားက အားပြိုင်မှုဟာ ကြည့်ရှုသူကို အသက်ရှူမှားစေမှာ အသေအချာပါပဲ။ ဒီဇာတ်လမ်းဟာ ရိုးရှင်းတဲ့ ငွေညှစ်မှုတစ်ခု မဟုတ်ဘဲ ငယ်ဘဝက မသိနားမလည်ဘဲ ကျူးလွန်ခဲ့မိတဲ့ အမှားတစ်ခုအတွက် နှစ်ပေါင်းများစွာ ကြာပြီးမှ ပြန်လည်ပေးဆပ်ရတဲ့ ကလဲ့စားချေပွဲတစ်ခု ဖြစ်နေပါတယ်။ ဇာတ်လိုက်ဖြစ်သူဟာ သူ့ရဲ့ ဂုဏ်သိက္ခာ၊ စည်းစိမ်ဥစ္စာနဲ့ မိသားစုကို ကာကွယ်ဖို့အတွက် တစ်ဖက်လူ ခိုင်းစေသမျှ အန္တရာယ်များတဲ့ အလုပ်တွေကို မဖြစ်မနေ လုပ်ဆောင်ရတဲ့အခါ... နည်းပညာနဲ့ လက်တုံ့ပြန်မှု ပေါင်းစပ်ထားတဲ့ ဒီသည်းထိတ်ရင်ဖို ဇာတ်ကားဟာ အလှည့်အပြောင်းများစွာနဲ့ ဆွဲဆောင်မှုရှိနေပါတယ်။ ဒီတစ်ဖက်သတ် ကစားပွဲကနေ ဘယ်လိုရုန်းထွက်မလဲ၊ အဆုံးသတ်မှာ ဘယ်သူက အနိုင်ရသူ ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆက်လက်စီးမျော ကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း