ဇာတ်ကားများ ရွေးရန်

Dracula II: Ascension

2003ဇာတ်ကားBlu-ray 1080p

၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dracula II: Ascension ကားလေးကတော့ ၂၀၀၀ ပြည့်နှစ်က ထွက်ခဲ့တဲ့ Dracula 2000 ရဲ့ နောက်ဆက်တွဲ ဇာတ်ကား ဖြစ်ပြီး Horror/Fantasy အမျိုးအစားကိုမှ သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းကို အဓိက ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းကတော့ ဆေးကျောင်းသားတစ်စုဟာ မီးလောင်ကျွမ်းထားတဲ့ ထူးဆန်းတဲ့ အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီအလောင်းက သာမန်လူမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင် ဒရာဂူလာရဲ့ အလောင်းဖြစ်နေတာကို သူတို့ သိလိုက်ရတဲ့အခါမှာတော့ စူးစမ်းလိုစိတ်နဲ့ "ရှင်သန်ထမြောက်ခြင်းဖြစ်စဉ်" ကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဒရာဂူလာရဲ့ သွေးကို အသုံးချပြီး ထာဝရအသက်ရှင်မှုကို ရဖို့ဖြစ်ပေမဲ့၊ တကယ့်လက်တွေ့မှာတော့ သူတို့မထိန်းချုပ်နိုင်တဲ့ ဘေးဒုက္ခကြီးတစ်ခုကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားပါတော့တယ်။ကားတစ်ကားလုံးနီးပါးကို အမှောင်ခန်းတွေ၊ ဆေးရုံခန်းတွေထဲမှာ ရိုက်ကူးထားတာကြောင့် ကြောက်စရာကောင်းတဲ့ အငွေ့အသက်ကို ခံစားရမှာပါ။ ဒီကားက ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ထွက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ကားတွေရဲ့ အငွေ့အသက်ကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ကားတစ်ကားဖြစ်မှာပါ။ အထူးသဖြင့် ဒရာဂူလာရဲ့ မူရင်းဇာတ်မြစ်ကို စိတ်ဝင်စားသူတွေအတွက် အကြိုက်တွေ့စေမှာပါရှင့်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ pyae yati ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း