ဇာတ်ကားများ ရွေးရန်

Table No. 21

2013ဇာတ်ကားBlu-ray 1080p

ဗီဗန် နဲ့ စီယာ တို့ဇနီး‌မောင်နှံက ဖီဂျီကျွန်းကို ကံစမ်းမဲပေါက်လို့ အပန်းဖြေခရီးထွက်လာကြရင်း မစ္စတာခမ် ဆိုတဲ့လူနဲ့ တွေ့ဆုံရာကနေ Table no 21 ဆိုတဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ဂိမ်းကို ကစားခဲ့တယ်။ ဂိမ်းရဲ့စည်းမျဉ်းက မေးခွန်း ၈ခုမေးတာကို အမှန်တိုင်းဖြေပြီး မေးခွန်းတစ်ခုပြီးတိုင်း မေးခွန်းနဲ့သက်ဆိုင်တဲ့အလုပ်တစ်ခုခု လုပ်ပေးရတယ်။ ဆုကြေးက မက်လောက်စရာကောင်းသလို မေးခွန်းတွေနဲ့ လုပ်ပေးရတဲ့အလုပ်တွေကလည်း တစ်ဖြည်းဖြည်း ပြင်းထန်လာတယ်။ ဗီဗန်တို့လင်မယားကို ဂိမ်းကစားဖို့ ဆွဲဆောင်တဲ့ မစ္စတာခမ်ရဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာဖြစ်မလဲ၊ မေးခွန်းတွေဖြေရင်း အတိတ်က လျှို့ဝှက်ချက်တွေပေါ်လာတဲ့ ဗီဗန်တို့လင်မယား ဂိမ်းကို နိုင်အောင်ကစားနိုင်ပါ့မလား၊ ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မစ္စတာခမ် အဖြစ် မင်းသားကြီး Paresh Rawal ၊ ဗီဗန် အဖြစ် မင်းသား Rajeev Khandelwal နဲ့ စီယာ အဖြစ် မင်းသမီး Tena Desae တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း