ဇာတ်ကားများ ရွေးရန်

The Mortal Instruments: City of Bones

2013ဇာတ်ကားWeb-dl 1080p

Teen Adventure ကိုမှ Gothic Style နဲ့ တစ်မျိုးကြည့်ရမယ့် Harry Potter ဆန်ဆန် မှော်ကားဖြစ်ပါတယ်။ နတ်ဆိုးတွေ သမန်းဝံပုလွေတွေ မှော်ဝိဇ္ဇာတွေ စုန်းမတွေ အပြည့်အစုံပါဝင်ပြီး plot မရိုးမဆန်းနဲ့ romance ပါပါတာမို့ မပျင်းရပါဘူး။ ကလယ်ရီ (Lily Collins)က မိခင်ဖြစ်သူပန်းချီဆရာမနဲ့ နေထိုင်ပြီး သူ့ကိုယ်သူ သာမန်မိန်းကလေးလို့ပဲ ထင်ထားတာပါ။ ဒါပေမဲ့ ကလယ်ရီက ထူးဆန်းတဲ့မှော်အက္ခရာတွေ ဆွဲမိနေပြီး သူ့အမေရုတ်တရက်ပျောက်သွားတဲ့အချိန်မှာ သူဟာလူသားမဟုတ်ဘဲ နတ်ဆိုးတွေကို သုတ်သင်တဲ့ အရိပ်မုဆိုးအနွယ်ဝင်ဖြစ်နေမှန်း သိလိုက်ရတာပါ။ သု့အမေကလည်း မျိုးနွယ်တိုင်းက လိုချင်နေတဲ့ မှော်ဝင် Mortal Cup ကို‌‌ ရော ကလယ်ရီ့ကိုပါ ကာကွယ်ဖို့ ပျောက်ကွယ်သွားဝာပါ။ ကလယ်ရီက သူ့လို အရိပ်မုဆိုးဖြစ်တဲ့ ဂျေ့စ်ရဲ့အကူအညီနဲ့ သူ့အမေကိုရှာဖို့ ဒဏ္ဍာရီလာသတ္တဝါတွေပြည့်နေတဲ့ Shadow World ကို လိုက်သွားရမှာပါ။ Dimension မတူဘဲ အန္တရာယ်များတဲ့ကမ္ဘာထဲမှာ အလန်းစားစတိုင်‌တွေနဲ့ ဂျေ့စ်နဲ့အတူ စွန့်စားရင်း အချစ်တွေပါ ပေါက်ဖွားလာပြီး ပရိသတ်အကြိုက်တွေ့မယ့် Fantasy ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း