Mahjong
ဒီဇာတ်ကားလေးကတော့ old but gold လို့ ဆိုရလောက်မယ့် ဟောင်းနေပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ ထိုင်ဝမ်ရုပ်ရှင် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေက ထိုင်ပေမြို့ရဲ့ စည်ကားရှုပ်ထွေးလှတဲ့ မြို့ပြနောက်ခံကို အခြေခံထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဝင်းစတန်ချန် (Winston Cheng) ဟာ ထိုင်ပေမြို့က နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပေမယ့် မထင်မှတ်ဘဲ ဒုစရိုက်လောကက ခေါင်းဆောင်တွေဆီမှာ ဒေါ်လာ သန်း ၁၀၀ လောက် အကြွေးတွေ တင်သွားခဲ့ပါတယ်။ အဲဒီဂိုဏ်းစတားတွေက သူတို့ပိုက်ဆံအတွက် ဆက်မစောင့်နိုင်တော့တဲ့အခါ ချန်တစ်ယောက် လူမသိအောင် ပုန်းအောင်းနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ကိုရှာဖို့ လူမိုက်နှစ်ယောက်ကို စေလွှတ်ပြီး လိုက်ရှာခိုင်းပါတော့တယ်။ ချန်ရဲ့သားဖြစ်သူ ဟုန်ယွီ(ငါးနီ) ကတော့ လမ်းပေါ်က လူမိုက်ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ပါ။ အဲဒီလူသတ်သမားတွေဟာ သားဖြစ်သူကနေတစ်ဆင့် ဖခင်ဖြစ်သူဆီ ရောက်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဟုန်ယွီနဲ့ သူ့ရဲ့ အပေါင်းအပါတွေဖြစ်တဲ့ (ရှန်းကန် လွန်လွန်နဲ့ ရှောင်ဖော်) တို့နောက်ကို တကောက်ကောက် လိုက်ပါတော့တယ်။ သူတို့လူငယ်ဂိုဏ်းရဲ့ ဘဝထဲကို မထင်မှတ်ဘဲ ပြင်သစ်သူလေး မတ်သ် (Marthe)ရောက်လာတဲ့အခါမှာတော့...သူတို့ရဲ့ ဘဝအမြင်တွေက ပြောင်းလဲသွားပါတော့တယ်။ ထိုင်ပေမြို့ပြမှာ ရှင်သန်နေတဲ့ ဒီလူငယ်လေးတစ်စုရဲ့ ကံကြမ္မာက ဘာတွေ ဆက်ဖြစ်မှာလဲ.... ပိုက်ဆံနဲ့ အာဏာနောက်လိုက်ရင်း ဘဝမှာ ဘာက တကယ်အရေးကြီးသလဲဆိုတာကို မေ့လျော့နေတဲ့သူတွေအတွက် ဘဝသင်ခန်းစာရဖို့ မီးမောင်းထိုးပြတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း