Warriors of Heaven and Earth
ဒီတစ်ခေါက်မှာတော့ ထန်နှောင်းပိုင်းကာလကို အခြေတည် ရိုက်ကူးထားတဲ့ Warriors of Heaven and Earth ဆိုတဲ့ action-adventure / historical dramaဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း လူကြီးမင်းလီဟာ ထန်နှောင်းပိုင်းကာလ ဂိုဘီသဲကန္တာရအတွင်းမှာရှိတဲ့ နယ်စပ်ခံတပ်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးဖြစ်ပါတယ်။သူဟာ အပြစ်မဲ့တဲ့ လူတွေကို သတ်ရန် အမိန့်ပေးခဲ့တဲ့ ဧကရာဇ်ရဲ့ အမိန့်ကို မနာခံခဲ့တာကြောင့် ပုန်ကန်သူအဖြစ်သတ်မှတ်ခံရကာ ဖမ်းဆီးသတ်ရန် အမိန့်ထုတ် လိုက်ကြပါတယ်။လိုင်ရှီးဟာ ထန်တရားရုံးအတွက် အလုပ်လုပ်ပေးနေရတဲ့ ဂျပန်နိူင်ငံသားတစ်ယောက်ဖြစ်ပြီး သူနိူင်ငံကို မပြန်ခင် သူ့ရဲ့နောက်ဆုံးတာဝန်မှာ လောင်လီကို ရှာဖွေပြီး သတ်ဖြတ်ရမယ်ဆိုတဲ့ တာဝန်တစ်ခုပဲ ဖြစ်ပါတယ်။လိုင်ရှီး ဟာ အမိန့်ကို လိုက်နာတတ်ပြီး ကိုယ်ပိုင်ခံစားချက်ထက် တာဝန်ကို ဦးစားပေးသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ လောင်လီနဲ့ လိုင်ရှီးဟာ အနောက်လက်ကို ပစ္စည်းပို့ဆောင်နေတဲ့ ကုန်စည်တန်းတစ်ခုအတွင်းမှာ တွေ့ခဲ့ကြပြီး ထိုကုန်စည်တန်းနဲ့အတူပါလာတဲ့ လူတိုင်းမှာ လိုချင်ပြီး လုယက်ဖို့ တိုက်ခိုက်နေကြတဲ့ ဗုဒ္ဓအမွေအနှစ်ပစ္စည်းတစ်ခုကို ကာကွယ်ရန် အကြောင်းဖန်လာတဲ့ အခါမှတော့...ယုံကြည်ချက် မတူပေမယ့် သန့်ရှင်းတဲ့ ဗုဒ္ဓအမွေအနှစ်ပစ္စည်းကို ကာကွယ်ရမယ်ဆိုတဲ့ခံယူချက်ချင်းတူတဲ့ သူတို့နှစ်ယောက် ရန်သူတွေကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ....? လိုင်ရှီးတစ်ယောက် တာဝန်ကို အောင်မြင်အောင်ထမ်းဆောင်ပြီး သူ့အမိမြေ ဂျပန်နိူင်ငံကို ပြန်ချင်တဲ့ဆန္ဒ ပြည်ဝနိူင်ပါ့မလားဆိုတာကို သူရဲကောင်းတို့ရဲ့ အသက်ပေးအနစ်နာခံမှု ညီအစ်ကိုကြားက သစ္စာစောင့်သိမှုတွေနဲ့ အတူ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း