Mountain Patrol
ဒီဇာတ်ကားလေးကတော့ Imdbမှာ 7.6ထိ ရရှိထားတဲ့ Mountain Patrol Kekexili လို့ အမည်ရပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ရရှိခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဂါယွီလို့ခေါ်တဲ့ ပေကျင်းမြို့က သတင်းထောက်တစ်ဦးဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဝေးလံခေါင်သီတဲ့ နေရာက တိဗက်ဆိတ်တွေကို တရားမဝင် အမဲလိုက်သတ်ဖြတ်မှုတွေကနေ မှတ်တမ်းတင်ဖို့ တိဗက်ဒေသသို့ ရောက်ရှိလာခဲ့တယ်။ တိဗက်ကုန်းပြင်မြင့်ပေါ်က Kekexili (ခါခါရှီလီ)လို့ခေါ်တဲ့ အေးမြပြီး ကြမ်းတမ်းတဲ့ လူသူမနီးတဲ့ ဒေသမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိဗက်ဆိတ်တွေကို သတ်ဖြတ်ပြီး သားရေမှောင်ခိုရောင်းနေတဲ့ မုဆိုးတွေနဲ့ သူတို့ကို အသက်စွန့်ပြီး ကာကွယ်နေတဲ့ ကင်းလှည့်အဖွဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကင်းလှည့်အဖွဲ့သားတွေဟာ အစိုးရဆီက လစာမရဘဲ သူတို့ရဲ့ ယုံကြည်ချက်တစ်ခုတည်းနဲ့ အသက်ပေးပြီး တောရိုင်းတိရိစ္ဆာန်တွေကို ကာကွယ်ကြတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ တကယ့်ကို အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့တဲ့ ဆုရ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း