Siccin 8
အတိတ်က ဖခင်ဖြစ်သူရဲ့အမှားကြောင့် ရန်ငြှိုးနဲ့ကျိန်စာတိုက်ခံရတဲ့ မိသားစုအကြောင်းဖြစ်ပါတယ်။ တူရကီစကားပြောနဲ့ဖြစ်ပြီး အစ္စလာမ်ရိုးရာပုံပြင်တွေနဲ့ ကိုးကွယ်ယုံကြည်မှုတွေ ကျိန်စာတွေကို အခြေခံထားပါတယ်။ ဖာတီတို့မိသားစုဟာ ဖာတီရဲ့အမေအိမ်မှာနေထိုင်ပြီး သူ့အမေက စိတ်မမှန်သလို အပြုအမူတွေလုပ်လို့ ဖာတီက ဇနီးသည်တိုက်တွန်းချက်အရ လူအိုရုံကိုပို့ခဲ့ပါတယ်။ ဒါမဲ့ ဖာတီရဲ့သမီးငယ်အယ်လာက အဘွားဖြစ်သူကို နေ့စဉ်သတိရနေပြီး ဖာတီကလည်း ဆုံးဖြတ်ချက်မှားသွားတယ်ထင်လို့ သူ့အမေကို အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်လာတဲ့ အယ်လာရဲ့ဘွားအေက အရင်ကထက်ပိုဆိုးလာပြီး ထူးဆန်းနေပါတယ်။ အထူးသဖြင့် ဖာတီရဲ့မိသားစုဝင်တွေက ခြောက်လှန့်မှုတွေ တစ်မျိုးပြီတစ်မျိုး ကြုံနေရတာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေက ခြောက်လှန့်ရုံသပ်သပ်မဟုတ်ဘဲ တစ်မိသားစုလုံးရဲ့အသက်ကိုနုတ်ဖို့ ကျိန်စာတိုက်ထားတာဖြစ်နေတဲ့အခါ...သူ့အဘွားဆီမှာ ဒီကျိန်စာဘယ်လိုပါလာတာလဲ...အတိတ်မှာ ဘာတွေလုပ်ခဲ့လို့ ဒီလိုကြောက်မက်ဖွယ်ကံတရားနဲ့ရင်ဆိုင်ရတာလဲဆိုတာ အခုပဲ ရှူစားလိုက်တော့နော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း