ဇာတ်ကားများ ရွေးရန်

Papillon

2017ဇာတ်ကားBlu-ray 1080p

ယခုတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ Papillon ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Shawshank Redemption လိုမျိုးဇာတ်ကားတွေကို ကြိုက်နှစ်သက်သူအတွက် လုံး၀လက်မလွတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ပါပီဟာ ကြွယ်၀ချမ်းသာတဲ့လူတွေဆီကနေ တန်ဖိုးကြီးပစ္စည်းတွေ ခိုးရင်း ဘ၀ကိုရှင်သန်နေသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ လူသတ်မှုနဲ့ သူ အကွက်ဆင်ခံလိုက်ရပြီး တစ်သက်တစ်ကျွန်းထောင်ကျသွားပါတယ်။ ဒီတော့ ပါပီလည်း ထောင်ဖောက်ဖို့အတွက် ငွေလိုလာပါတော့တယ်။ ဒီတော့ ထောင်ထဲမှာ ပိုက်ဆံရှိတဲ့ ဒီဂါဆိုသူနဲ့ မိတ်ဆွေဖွဲ့လိုက်ပါတော့တယ်။ ဒီဂါကတော့ ထွက်ပြေးဖို့စိတ်မ၀င်စားပဲ သူ့မိန်းမ သူ့ကို အယူခံ၀င်ပေးတဲ့အချိန်ထိ ထောင်ထဲမှာ ကာကွယ်ပေးမယ်ဆိုရင် ပါပီလိုချင်တဲ့ ပိုက်ဆံပေးမယ်လို့ပြောလိုက်ပါတယ်။ ဒါပေမယ့် ဒီဂါတစ်ယောက် အယူခံ၀င်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာကို သိပြီးနောက်ပိုင်း ဘယ်လိုတွေဖြစ်လာမလဲ။ ပါပီကော ထောင်ကနေထွက်ပြေးဖို့အကြံအစည်အောင်မြင်သွားမှာလား စတာတွေကို ဇာတ်လမ်းအချိုးအကွေ့များစွာနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တစ်သက်တစ်ကျွန်းကျသွားပြီဆိုပြီး စိတ်ဓာတ်မကျပဲ မျှော်လင့်ချက်တစ်ခုက လူတစ်ယောက်ကို ဘယ်လောက်ထိ ခွန်အားပေးနိုင်လဲဆိုတာကို ဖော်ပြထားတဲ့ဇာတ်ကားလေးမို့ အမြန်ပဲကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Paing Chan Thar ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း